menu-iconlogo
huatong
huatong
avatar

ကသစ်နီနီပွင့်လေပီ

ကိုကျော်ညွန့် huatong
💃🇲🇲💃minKhent💃🇲🇲💃huatong
Paroles
Enregistrements
ကသစ်နီနီပွင့်လေပြီ

*** * ***

တေးရေး => မောင်ထွန်းမြင့်

တေးဆို => ကိုကျော်ညွန့်

Credit တီးလုံး => စန္ဒရား

ကျော်သူဝင်း

***

တစ်နှစ် ကူးပြီမို့

အချစ်ဦးကိုတဲ့ မမေ့ဘူး အမြဲသာ

သက်ညှာဆွေ လှရည် ထူးရှာ

ရွက်ဝါကြွေ လသည် အကူးမှာ

စိတ် ထွေတလာ ဟိုသည် လူး

သက်ငုံလှဖူး

ရည်စူးယနေ့တိုင်

မမေ့နိုင် သည်သာ

ပင်ပေါ် ထက်ယံ

မြအဖူး ရွက်ညှာတံ

လေအသုတ်မှာ ကြွေ ပြုတ်ကာ

နေခြည် ပုလဲတန်း

ရွှေခြည် ကြဲဖြန်း

လန်းလန်း ဝေေ၀ဆာ

သံသာထွေးရစ်

ကသစ်ပင် ရိပ်မှာ

အနုအလှ သာသာ ဆင့်ပေး

ယုယညှာတာ ချင့်တွေး

ချစ်စကား ကလေးများ

ပြောမဆုံး နိုင်သည်သာ..

***

ပိတုန်းရောင် ဆံမြ

လျောကျ ပြေရှာ

လေ၀ယ် လှုပ်ရှား

လှိုင်းကလေး များပမာ

တစ်ပွင့်ကို ဆင်

နီလွင် မဏာတင့်ရှာ

ဟိုစဉ် တုန်း...မှာ

ပန်း လက်ဆောင်ပေး

အတွေး စိတ်သည်သာ

မေတ္တာချွေးသိပ် သည် နေရာ

အကြောင်းသင့်

ပေါင်းခွင့် မျှော်တွေး

မျှော်တွေး ရက်ကကြာ..

....

ဟောင်းရွက် ကြွေလျှင်

ပြောင်းကြွေ ကုန်ကြူး

နွေရက် အကူးမှာ

ချစ်ဦးကိုပဲ မှန်းရည်ကာ

ကသစ်နီနီ ပွင့်လေပြီကော

ငယ်ပေါင်း သက်ညှာ

မမေ့နိုင် သည်သာ

သည်တစ်ခါ မဆင်ရ

မရွှင်ပြ ရင်မှာ

ကိုယ့် မေတ္တာပန်း

လန်းလျက် ဝေေ၀ဆာ

မြေအလွှာ မကြွေလာ ခင်မှာ

နွေခါ ဆင်မြန်း

ကိုယ့် မေတ္တာပန်း

လန်းနေ လေသည်ပမာ..

***

တစ်နှစ် ကူးပြီမို့

အချစ်ဦးကိုတဲ့ မမေ့ဘူး အမြဲသာ

သက်ညှာဆွေ လှရည် ထူး..ရှာ

ရွက်ဝါကြွေ လသည် အကူးမှာ

စိတ် ထွေတလာ ဟိုသည်လူး

သက်ငုံ လှဖူး ရည်စူး

ယနေ့တိုင် မမေ့နိုင် သည်သာ

ပင်ပေါ် ထက်ယံ

မြအဖူး ရွက်ညှာတံ

လေအသုတ်မှာ ကြွေပြုတ်ကာ

နေခြည် ပုလဲတန်း

ရွှေခြည် ကြဲဖြန်း

လန်းလန်း ဝေေ၀ဆာ

သံသာထွေးရစ်

ကသစ်ပင် ရိပ်မှာ

အနုအလှ သာသာ ဆင့်ပေး

ယုယ ညှာတာ ချင့်တွေး

ချစ်စကား ကလေးများ

ပြောမဆုံး နိုင်သည်သာ..

***

ပိတုန်းရောင် ဆံမြ

လျောကျ ပြေရှာ

လေ၀ယ် လှုပ်ရှား

လှိုင်း ကလေးများ ပမာ

တစ်ပွင့်ကို ဆင်

နီလွင် မဏာတင့်ရှာ

ဟိုစဉ် တုန်းမှာ

ပန်း လက်ဆောင်ပေး

အတွေး စိတ်ပြေသာ

မေတ္တာချွေးသိပ် သည်နေရာ

အကြောင်းသင့်

ပေါင်းခွင့် မျှော်တွေး

မျှော်တွေး ရက်ကကြာ..

ဟောင်းရွက် ကြွေလျှင်

ပြောင်းထွေ ကုန်ကြူး

နွေရက် အကူးမှာ

ချစ်ဦးကိုပဲ မှန်းရည်ကာ

ကသစ်နီနီ ပွင့်လေပြီကော

ငယ်ပေါင်း သက်ညှာ

မမေ့နိုင် သည်သာ

သည်တစ်ခါ မဆင်ရ

မရွှင်ပြ ရင်မှာ

ကိုယ့် မေတ္တာပန်း

လန်းလျက် ဝေေ၀ဆာ

မြေအလွှာ မကြွေလာ ခင်မှာ

နွေခါ ဆင်မြန်း

ကိုယ့် မေတ္တာပန်း

လန်းနေ လေသည်ပမာ..

<< ပြီးပါပြီ >>

MinKhent

Davantage de ကိုကျော်ညွန့် 

Voir toutlogo