menu-iconlogo
huatong
huatong
avatar

မြားဘုရင် Khinwann

ခင်ဝမ်းhuatong
Mr_USoehuatong
Paroles
Enregistrements
မြားဘုရင်

ဆို ...ခင်ဝမ်း

MyanmarMusicMaestro

U_Soe

.....

ပျိုရွယ်စဉ်ခါက

နှလုံးသားမှာ မာန

ဦးဏောက်မှာအသိဉာဏ်

အသွေးအသားမှာသတ္တိခွန်အားနဲ့

ချိန်ရွယ်ရာကို

ထုတ်ပေါက်ခတ်စေတဲ့

မြားချက်စွမ်းရှင်

တည်ငြိမ်လေသူ အိုမြားဘုရင်

ရန်သူကိုတောင်မှ

ခွင့်လွှတ်နိုင်နေကျ

အသိစိတ်မှာသစ္စာ

အမုန်းတရားမှာချစ်မြတ်နိုးခြင်းနဲ့

ယုံကြည်ရာကို

ရဲဝံ့လျှောက်နိုင်တဲ့

ဘဝရဲ့စွမ်းအင်

ပိုင်ဆိုင်လေသူ အိုမြားဘုရင်

အရိုးသားဆုံးမြားတစင်းကို

အဝေးဆုံးပစ်လွှတ်ဖို့

အထွဋ်ထိပ်ရောက်ခဲ့တဲ့

အတတ်ပညာတွေ

အခိုးအငွေ့အဖြစ်နဲ့

ထားရစ်ပျောက်ပျက်စေ

လေးနဲ့မြားရဲ့ဒြပ်ထုဒုထည်ကို

အတ္တအဖြစ်နဲ့

ပြောင်းလဲပစ်ခတ်ဖို့

အကြမ်းတမ်းဆုံးခရီးက

အသင်ပြန်ခဲ့ပြီ

လေးညှို့ ကို

ညင်သာစွာ

အသင်တင်ပေရော့

ရင်ဆိုင်စရာတွေနဲ့

ပြည့်နှက်ကာနေတဲ့

အဆုံးအဖြတ်ကိုလက်ခံ

ပြောင်းအလဲကိုရွေးချယ်တွက်ချက်ကာ

ဖြူစင်သူတွေ

ရှုံးနိမ့်ထွက်ခွါတဲ့

ဘဝစက်ဝန်းကို

ချိန်ရွယ်ပါလေ အိုမြားဘုရင်

အရိုးသားဆုံးမြားတစင်းကို

အဝေးဆုံးပစ်လွှတ်ဖို့

အထွဋ်ထိပ်ရောက်ခဲ့တဲ့

အတတ်ပညာတွေ

အခိုးအငွေ့အဖြစ်နဲ့

ထားရစ်ပျောက်ပျက်စေ

လေးနဲ့မြားရဲ့ဒြပ်ထုဒုထည်ကို

အတ္တအဖြစ်နဲ့

ပြောင်းလဲပစ်ခတ်ဖို့

အကြမ်းတမ်းဆုံးခရီးက

အသင်ပြန်ခဲ့ပြီ

လေးညှို့ ကို

ညင်သာစွာ

အသင်တင်ပေရော့

.....

ကျေးဇူးတင်ပါတယ်

Davantage de ခင်ဝမ်း

Voir toutlogo