လွမ်း (သီရိအတွက်)
တေးရေး မောင်မောင်
တေးဆို ခင်မောင်တိုး
3
2
1
လွမ်း..
ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း
လွမ်း..
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
နွေရာသီ ရွက်ကြွေ
မြေပေါ် ပြေးလွှားလို့
လွင့်နေစဉ်မှာ..
သူ့တယောက်ကို သတိတရနဲ့
တမ်းတလို့ လွမ်းမိတယ်လေ..
ဟိုစဉ်တစ်ချိန် နွေအခါ
သူရယ် တို့နှစ်ဦးရင်းနှီးလို့
ပညာရှာရင်းနဲ့ ကျောင်းကြီးရဲ့
အရိပ်အောက်မှာ
ချစ်ကြသူတွေအဖြစ်
ရောက်ရှိခဲ့ကြတယ်
သိပ်ချစ်သူတွေလို့
အများက သတ်မှတ်ခဲ့တယ်
ငယ်စဉ်ဟိုတစ်ချိန်က
တို့ဘဝရဲ့အတိတ်
ဒီဇာတ်အလွမ်း
လွမ်း..
ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း
လွမ်း..
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
ပြန်မြင်ယောင်သေးတဲ့
နွေလေရူး တိုက်ခတ်မြူးနေစဉ်မှာ
သူ့အကြောင်းကို တွေးတောရင်း
လွမ်းရတဲ့ နေ့တစ်ရက်ပါလေ
ဟိုစဉ်တစ်ချိန် နွေအခါ
သူရယ် တို့နှစ်ဦးရောက်ခဲ့တယ်
အတူတူ လျှောက်ဖူးတဲ့
လမ်းလေးရဲ့ ဘေးတစ်ဖက်မှာ
ပန်းကလေးတွေ အရင်တိုင်း
ဖူးပွင့် လျက်ပဲမို့
တို့ ရဲ့ ရင်ခွင်ထဲ
လွမ်းရတဲ့ စိတ်ကြောင့်လေ
မြင်ယောင်ကာနေဆဲ
လွမ်းရသူ အချစ်ပုံရိပ်များ
Music...
3
2
1
လွမ်း..
ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း
လွမ်း..
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
ပြန်မြင်ယောင်သေးတဲ့
နွေလေရူး တိုက်ခတ်မြူးနေစဉ်မှာ
သူ့အကြောင်းကို တွေးတောရင်း
လွမ်းရတဲ့ နေ့တစ်ရက်ပါလေ
ဟိုစဉ်တစ်ချိန် နွေအခါ
သူရယ် တို့နှစ်ဦးရောက်ခဲ့တယ်
အတူတူ လျှောက်ဖူးတဲ့
လမ်းလေးရဲ့ ဘေးတစ်ဖက်မှာ
ပန်းကလေးတွေ အရင်တိုင်း
ဖူးပွင့် လျက်ပဲမို့
တို့ ရဲ့ ရင်ခွင်ထဲ
လွမ်းရတဲ့ စိတ်ကြောင့်လေ
မြင်ယောင်ကာနေဆဲ
လွမ်းရသူ အချစ်ပုံရိပ်များ
လွမ်း..
ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း..
လွမ်း..
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း..
လွမ်း..
ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း..
လွမ်း..
ပြီးပါပြီ။
မှတ်ချက်။ ။ စာသားပေးပို့တဲ့ ကျွန်တော့ရဲ့
သဲလေးအား ကျေးဇူးအထူးတင်ရှိပါတယ်။
October 24, 2020