menu-iconlogo
huatong
huatong
avatar

အေးအတူပူအမျှ

ခင်မောင်တိုးhuatong
saifulislam123huatong
Paroles
Enregistrements
အေးအတူပူအမျှ

ခင်မောင်တိုး

( ၂၁၀ )ကြိမ်မြောက်

Uploadတင်ခဲ့ခြင်းဖြစ်ပါသည်

အေးအတူပူအမျှ

တို့ဘ၀လေးမှာ

သာယာစိုပြည်

ချမ်းမြေ့တစ်လှည့်နဲ့

ပူပင်ဆူလောင်

ပွက်ပွက်ညံခြင်းရယ်

သွားတစ်လှည့်

လာတစ်လှည့်နဲ့

ခဏခဏကြုံမှာပဲမို့

စိတ်မညစ်နဲ့လေ

အားပေးရင်းပေါ့

အေးအတူပူအမျှ

တို့ဘ၀လေးရယ်

အေးအတူပူအမျှ

တို့ဘ၀လေးရယ်

အေးအတူတူ

ပူအမျှပေါ့ကွယ်...

ပူပင်စရာတွေထားရစ်ခဲ့ကွယ်

မစဉ်းစားနဲ့တော့လေ

ရင်မှာခိုဝင်နားစက်ရင်းနဲ့

ချွေးသိပ်ဖြေပါဦး...

ကံကြမ္မာဆိုတာ

မမြင်နိုင်ဘူးကွယ့်

မမြင်နိုင်တာအမှန်ကွယ်

တွေ့ကြုံလာမျှ

တို့ဘ၀ထဲမှာ

ပျော်စရာဆိုရင်

မင်းအနားတိုးလို့

ပူပင်စရာဆိုဖုံးဖိကွယ်ထားမယ်

ပြုံးတစ်လှည့်ရယ်တစ်လှည့်နဲ့

အမြဲတမ်းကြုံစေတော့လို့

အရိပ်တစ်ခုကဲ့သို့

နောက်ကလိုက်ကာ

အေးအတူပူအမျှ

တို့ဘ၀လေးရယ်

အေးအတူပူအမျှ

တို့ဘ၀လေးရယ်

အေးအတူတူ

ပူအမျှပေါ့ကွယ်...

MUSIC

ပူပင်စရာတွေထားရစ်ခဲ့ကွယ်

မစဉ်းစားနဲ့တော့လေ

ရင်မှာခိုဝင်နားစက်ရင်းနဲ့

ချွေးသိပ်ဖြေပါဦး...

ကံကြမ္မာဆိုတာ

မမြင်နိုင်ဘူးကွယ့်

မမြင်နိုင်တာအမှန်ကွယ်

တွေ့ကြုံလာမျှ

တို့ဘ၀ထဲမှာ

ပျော်စရာဆိုရင်

မင်းအနားတိုးလို့

ပူပင်စရာဆိုဖုံးဖိ

ကွယ်ထားမယ်

ပြုံးတစ်လှည့်ရယ်တစ်လှည့်နဲ့

အမြဲတမ်းကြုံစေတော့လို့

အရိပ်တစ်ခုကဲ့သို့

နောက်ကလိုက်ကာ

အေးအတူပူအမျှ

တို့ဘ၀လေးရယ်

အေးအတူပူအမျှ

တို့ဘ၀လေးရယ်

အေးအတူတူ

ပူအမျှပေါ့ကွယ်.....

ကျေးဇူးတင်ပါတယ်ခင်ဗျာ

Davantage de ခင်မောင်တိုး

Voir toutlogo