ဟေမာန်ဆောင်းဦးကို
တေးညည်းဆို ကြိုမယ့်
ငှက်ငယ်ကလေးရယ်
ဘယ်ဌာနေမှာ မင်းမှေးစက်
နေပျော်နေသလဲကွယ်
သင်ပြန်လာမယ့်
လမ်းကြောင်းတစ်လျှောက်
အစဉ်ပဲစောင့်မျှော်မိတယ်
နေရာဟောင်းလေးမှာ
ပြန်လည် ဆုံဆည်းကြစို့ကွယ်
<
> သင်ခိုနားရင်းနဲ့ ချွေးသိပ်ဖြေနေခဲ့ ဖြစ်စဉ်လေးမှာ သည်ရင်ခွင်ကို မင်းမေ့ရက် နေနိုင်တယ်လားကွယ် အတူနေစဉ်မှာ ထားတဲ့ကတိတွေ အလွယ်ဆုံးမမေ့နိုင်သေးရင် နေရာဟောင်းလေးမှာ ပြန်လည်ဆုံဆည်းကြစို့ကွယ် **** အသည်းအိမ်ထဲ စွဲစေတဲ့အသံ ဝေးနေလည်း ကြားယောင်တယ် အမြဲတမ်းမိတ်ဆွေရယ်.... **** ဆောင်းမှာလည်းရောက်မလာခဲ့သူ မိုးမှာလည်း မတွေ့နိုင်တယ် ခရီးသွားငှက်ငယ်ရေ.... **** သည် နွေကူးပြောင်းရင် အလွမ်းစိတ်ဖြေ ပြေမယ့် မင်းကိုယ်စားကို ဘယ်ရာသီမှာ ရုန်းထွက်လို့ စေနိုင်မှာလည်းလေ နေ နေနိုင်တယ် ဘဝသစ်မို့ အဆင်သင့်မဖြစ်နိုင်ခဲ့ရင် နေရာဟောင်းလေးမှာ ပြန်လည်ဆုံဆည်းကြစို့ကွယ် **** ဟေမာန်ဆောင်းဦးကို တေးညည်းဆို ကြိုမယ့် ငှက်ငယ်ကလေးရယ် ဘယ်ဌာနေမှာ မင်းမှေးစက် နေပျော်နေသလဲကွယ် သင်ပြန်လာမယ့် လမ်းကြောင်းတစ်လျှောက် အစဉ်ပဲစောင့်မျှော်မိတယ် နေရာဟောင်းလေးမှာ ပြန်လည် ဆုံဆည်းကြစို့ကွယ် ****