menu-iconlogo
huatong
huatong
avatar

အပျိုကြီး

ချယ်ရီသင်းhuatong
༺𝓚𝓣𝓩𝓪𝓻..(𝓜𝓝𝓨)༻huatong
Paroles
Enregistrements
ရေး-ထက်လျှံမှူး

ရည်းစား ရှိလို့လားလို့ လှောင်သလို လာလာ မမေးနဲ့

ဒီမှာ ရွေးရခက် အလန်းတကာ့ အလန်းတွေ

(ခါချနေရတယ်)

အလုပ်မရှိ ကိုယ့်ဒုက္ခတော့

ကိုယ်မရှာချင် ဘူးကွယ်

ဒီမှာဒို့တော့ ဘဝတစ်သက် အလှမပျက်ဖို့ရယ်

ယောက်ျားမယူဘူးကွယ်

မိဘနှစ်ပါးရဲ့ ကျေးဇူးလည်း

ငါဆပ်ချင်ပါသေးတယ်

မပြောကောင်းလွန်းတဲ့ ပုရိသတွေ

စွတ်ယုံရင် မှားလိမ့်မယ်

အခုတစ်မျိုး တော်ကြာတစ်မျိုး

ဒါယောက်ျားလေးတို့ အမျိုး

အရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး

အပြောတစ်မျိုး အလုပ်တစ်မျိုး

လိုတစ်မျိုး မလိုတစ်မျိုး

ဒါယောက်ျားလေးတို့ အချိုး

ကြိုမြင်လို့ မငိုချင်လို့

အပျိုကြီးပဲ လုပ်မယ်ဗျို့

မိဘနှစ်ပါးရဲ့ ကျေးဇူးလည်း

ငါဆပ်ချင်ပါသေးတယ်

အပြောကောင်းလွန်းတဲ့ ပုရိသတွေ

စွတ်ယုံရင် မှားလိမ့်မယ်

တစ်ကိုယ်တည်း အပျိုကြီး

တစ်ယောက်တည်းပဲ နေမည်

အပျိုကြီးလုပ် အရိုးထုတ်မည်

ဇာတ်ထုပ်ထဲက ကိန္နရီ ကိန္နရာတွေလို

မေတ္တာမျိုးနဲ့ ချစ် ချင်ပါသည်

မရှိနိုင်မှန်း သိလို့

အချစ်နဲ့ ကင်းအောင် ရှောင်

အခုတစ်မျိုး တော်ကြာတစ်မျိုး

ဒါယောက်ျားလေးတို့ အမျိုး

အရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး

အပြောတစ်မျိုး အလုပ်တစ်မျိုး

လိုတစ်မျိုး မလိုတစ်မျိုး

ဒါယောက်ျားလေးတို့ အချိုး

ကြိုမြင်လို့ မငိုချင်လို့

No No အဝေးကိုဒိုး

အခုတစ်မျိုး တော်ကြာတစ်မျိုး

ဒါယောက်ျားလေးတို့ အမျိုး

အရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး

အပြောတစ်မျိုး အလုပ်တစ်မျိုး

လိုတစ်မျိုး မလိုတစ်မျိုး

ဒါယောက်ျားလေးတို့ အချိုး

ကြိုမြင်လို့ မငိုချင်လို့

အပျိုကြီးပဲ လုပ်မယ်ဗျို့

Davantage de ချယ်ရီသင်း

Voir toutlogo
အပျိုကြီး par ချယ်ရီသင်း - Paroles et Couvertures