menu-iconlogo
huatong
huatong
avatar

ချိုပြုံးလည်းလွမ်းနေရတယ်

ချိုပြုံးhuatong
ayekyaw🙇[အူအူး]huatong
Paroles
Enregistrements
ချိုပြုံးလည်းလွမ်းနေရတယ်

ချိုပြုံး

ချစ်သူနဲ့ ဝေးလို့

တမ်းတ ပူဆွေး

မိန်းကလေးတွေကို

စေတနာလေအေးနဲ့

ဝေဒနာဖြေဆေး

ပေးခဲ့ ဖူးပါတယ် ..

ချစ်သူနဲ့ကွေကွင်းတဲ့

သူငယ်ချင်းတွေကို

လက်တွေ့ မှိုင်တဲ့ ခရီးမှ

တစ်သက်မမေ့နိုင်တဲ့

နည်းပြဖူးပါတယ် .

ချစ်သူက ပစ်သွားတဲ့

ချစ်သနားစရာ

မိတ်ဆွေများကို

စိတ်လေမသွားစေဘဲ

ပျူငှာချစ်ခင်ရေး

ဗျူဟာစစ်ဆင်ရေး

သင်ဖူးပါတယ် ...

သူတို့လိုပဲကျွန်မရင်ထဲမှာ

အသည်းရှိတော့လည်းခက်တယ်

အချစ်ရယ် အသက်ရယ်

ပလီပလာချွဲသည်မှာလည်း

ပျော့ညွတ်ခွေ

ချစ်စိတ်တွေဝေတယ်

မမာတဲ့အသည်း ..

တစ်ခါနဲ့ပဲ ကြေပျက်လေတယ်

ရွှေမျက်ရည် ပင်လယ်ဖြစ်ဖို့

ရင်ဝယ်ဟစ်လို့

ငိုချင်လည်းခက်တယ်

အရှက်ရယ် မကွဲဖို့ အံခဲကာရယ်

ပတ်ဝန်းကျင် အလယ်

အချိုဆုံး အပြုံးတွေ

ပြုံးနေလည်းကွယ်

ချိုပြုံးလည်း လွမ်းနေရတယ်

တစ်ကိုယ်လုံးလည်း နွမ်းခွေလျှတယ်

ငိုမဆုံးသအည်း ကျွမ်းကြေမွမယ်

ချိုပြုံးလည်း လွမ်းနေရတယ်

(အချစ်ကိုရိုကျိုး

ဆည်းကပ်ကိုးကွယ်တတ်တော့

အပြုံးစကားကြေပျက်လို့

နှလုံးသားကြေကွဲရတာ

မဆန်းတော့ပါဘူး

ဒါကြောင့် .

အမောဘ၀ရက်တွေထဲက

သောကမျက်ရည်ပုလဲတွေကို

ကောင်းကင်မှာ

ကြဲဖြန့်လိုက်ပါတယ် .

ရင်ညွန့်အရပ်မှာ

ချုပ်ငြိမ်း ကွယ်ပျေက်ပြီးမှ

ပြန်လည် ရှင်သန်နိုးထလာတဲ့

မချိုရဲ့အလွမ်းတွေကို

ခံစားနားလည်ပေးပါလို့

မြတ်နိုးစွာပန်ကြားအပ်ပါတယ်)

ချစ်သူနဲ့ဝေးလို့

တမ်းတပူဆွေး

မိန်းကလေးတွေကို

စေတနာလေးနဲ့

ဝေဒနာဖြေဆေး

ပေးခဲ့ဖူးပါတယ်

ချစ်သူနဲ့ကွေကွင်းတဲ့

သူငယ်ချင်းတွေကို

လက်တွေ့ မှိုင်တဲ့ ခရီးမှ

တစ်သက်မမေ့နိုင်တဲ့

နည်းပြဖူးပါတယ် .

ချစ်သူက ပစ်သွားတဲ့

ချစ်သနားစရာ

မိတ်ဆွေများကို

စိတ်လေမသွားစေဘဲ

ပျူငှာချစ်ခင်ရေး

ဗျူဟာစစ်ဆင်ရေး

သင်ဖူးပါတယ် ...

သူတို့လိုပဲ ကျွန်မရင်ထဲမှာ

အသည်းရှိတော့လည်း

ခက်တယ်

အချစ်ရယ် အသက်ရယ်

ပလီပလာချွဲ

သည်မှာလည်း

ပျော့ညွတ်ခွေ ချစ်စိတ်

တွေဝေတယ်

မမာတဲ့အသည်း ..

တစ်ခါနဲ့ပဲ ကြေပျက်လေတယ်

ရွှေမျက်ရည် ပင်လယ်ဖြစ်ဖို့

ရင်ဝယ်ဟစ်လို့ငိုချင်လည်းခက်တယ်

အရှက်ရယ်မကွဲဖို့အံခဲကာရယ်

ပတ်ဝန်းကျင် အလယ်

အချိုဆုံး အပြုံးတွေ

ပြုံးနေလည်းကွယ်

ချိုပြုံးလည်း လွမ်းနေရတယ်

တစ်ကိုယ်လုံးလည်း နွမ်းခွေလျှတယ်

ငိုမဆုံးသအည်း ကျွမ်းကြေမွမယ်

ချိုပြုံးလည်း လွမ်း နေရတယ်

Davantage de ချိုပြုံး

Voir toutlogo