menu-iconlogo
huatong
huatong
avatar

ချစ်ရေစင်

ချိုပြုံးhuatong
လေးစိုး_👉U_Soehuatong
Paroles
Enregistrements
ချစ်ရေစင်

ချိုပြုံး

........

ကြူကြူသင်း......တယ်

ရွှေနှင်းဆီရယ်ဆင်းရနံ့ကမွှေးတယ်

မခူးရက်စရာကွယ်အထူးပဲလှတယ်

သူ့ကိုယ်သူပင်ဆူးတွေကိုဆင်

နတ်ဥယျာဉ်ဝယ်ရောင်စုံဖူးပွင့်တယ်

.......

ကြူကြူသင်း......တယ်

ရွှေနှင်းဆီရယ်ဆင်းရနံ့ကမွှေးတယ်

မခူးရက်စရာကွယ်အထူးပဲလှတယ်

သူ့ကိုယ်သူပင်ဆူးတွေကိုဆင်

နတ်ဥယျာဉ်ဝယ်ရောင်စုံဖူးပွင့်တယ်

ဆောင်တော်ကူးကာ

ဆွတ်ခူးတော့မယ့်သခင်ရယ်

တစ်ပွင့်တည်းပန်းကိုလှမ်းနိုင်ပေရဲ့

ရွှေရည်လွှမ်းတဲ့မြတ်ပန်းခက်ကို

သူ့လက်လှမ်းကာချစ်ရေစင်ဖျန်းတယ်

နုပျိုစိုလန်းလို့ရယ် ဖူးပွင့်စပန်းမယ်

နေရောင်ခြည်မထိုးခင်

မညှိုးလို့စင်ကြယ်မညှိုးလို့စင်ကြယ်

ခင်တွယ်စရာအလွန်တင့်တယ်

နုပျိုစိုလန်းလို့ရယ် ဖူးပွင့်စပန်းမယ်

နေရောင်ခြည်မထိုးခင်

မညှိုးလို့စင်ကြယ်မညှိုးလို့စင်ကြယ်

ခင်တွယ်စရာအလွန်တင့်တယ်

ပျားကောင်ပိတုန်းရယ်

မသုံးဆောင်ခင်များမယ်

ဆင်းရနံ့ကလေးရယ်

ဝတ်မှုန်ဝတ်ရည်ထုံသင်းတယ်

ခုတော့ဖြင့် မစိုပြည်

နဂိုရည်ပျက်ယွင်းတယ်

ပန်ဆင်တဲ့သူရယ်

အစာဝတော့ဌာနပြန်ချင်တယ်

Music

........

မွှေးတုန်းတော့ကွယ်

ပန်ချင်ပြန်တယ်နံရင်ပစ်ပယ်

ချစ်လက်စမဆုံးခင်

ရှောင်ကြဉ် မုန်းရက်တယ်

မွှေးတုန်းတော့ကွယ်

ပန်ချင်ပြန်တယ်နံရင်ပစ်ပယ်

ချစ်လက်စမဆုံးခင်

ရှောင်ကြဉ် မုန်းရက်တယ်

အသည်းနှလုံး ပြုန်းရချည်းရဲ့

ဘ၀င်ထဲမရွှင်ပဲ အစဉ်အမြဲမျှော်တယ်

ဖော်မစုံပဲနော်ကွယ်

ဖူးပွင့်စခိုင်ပန်းနွယ်မယ်

မြေကိုမှီတွယ်ဒါကိုကျီစယ်

ဖူးစာရှင်ရယ်

ချစ်မေတ္တာမခိုင်မြဲလို့ကွယ်

နွဲ့နွဲ့နှောင်းအကြောင်းကံရယ်

အလွန်နည်းတယ်

နုပျိုစိုလန်းလို့ရယ် ဖူးပွင့်စပန်းမယ်

နေရောင်ခြည်မထိုးခင်

မညှိုးလို့စင်ကြယ်မညှိုးလို့စင်ကြယ်

ခင်တွယ်စရာအလွန်တင့်တယ်

နုပျိုစိုလန်းလို့ရယ် ဖူးပွင့်စပန်းမယ်

နေရောင်ခြည်မထိုးခင်

မညှိုးလို့စင်ကြယ်မညှိုးလို့စင်ကြယ်

ခင်တွယ်စရာအလွန်တင့်တယ်

ပျားကောင်ပိတုန်းရယ်

မသုံးဆောင်ခင်များမယ်

ဆင်းရနံ့ကလေးရယ်

ဝတ်မှုန်ဝတ်ရည်ထုံသင်းတယ်

ခုတော့ဖြင့် မစိုပြည်

နဂိုရည်ပျက်ယွင်းတယ်

ပန်ဆင်တဲ့သူရယ်

အစာဝတော့ဌာနပြန်ချင်တယ်

........

ကျေးဇူးတင်ပါတယ်

Davantage de ချိုပြုံး

Voir toutlogo