နှစ်သစ်ချစ်ဦး
ရေး/ဂီတလုလင်မောင်ကိုကို
ဆို/ဂရေဟမ်
...Intro...
....Go..
နှစ်သစ်ကူးလို့ ချစ်ဦးကိုရှာဖွေ
ဘယ်ရပ်ဌါနေ ဘယ်ဆီများသွားပါလိမ့်
နေစိမ့်တဲ့သူရေ
ပန်းပိတောက်ဝါတွေ ပန်းပိတောက်ဝါတွေ
ရွှေရည်လူးဖူးပွင့်ခဲ့ပြီလေ
.....
နှစ်သစ်ကူးလို့ ချစ်ဦးကိုရှာဖွေ
ဘယ်ရပ်ဌါနေ ဘယ်ဆီများသွားပါလိမ့်
နေစိမ့်တဲ့သူရေ
ပန်းပိတောက်ဝါတွေ ပန်းပိတောက်ဝါတွေ
ရွှေရည်လူးဖူးပွင့်ခဲ့ပြီလေ
.....
အချစ်ဦး မေရေ
ပန်းပွင့်ကို လှမ်းလင့်ကာခြွေ
....
ပေးချင်လှပေ ပေးချင်လှပေ
ချစ်သူ ချစ်သူမဉ္ဇူ ချစ်ဇမ္ဗူဒီမြေ
ကုန်ကာဆုံးစေတော့ မတွေ့ရင် မောင်မနေ
မြတ်ဘုရားထံပါးမှာ တည်ထားသက်သေ
တောင်းဆုခြွေ တောင်းဆုခြွေ
.......
နှစ်သစ်ချစ်ဦး ပျော်မြူးရွှင်စွာ
တွေ့ပါရစေ နှစ်သစ်ချစ်ဦးရေ
နှစ်သစ်ချစ်ဦးရေ နှစ်သစ်ချစ်ဦးရေ
မောင် ခေါ်ရင် မယ် ထူးစေ
မယ် ခေါ်ရင် မောင် ထူးပါမယ်လေ
Solo..music
....Go..
နှစ်သစ်ကူးလို့ ချစ်ဦးကိုရှာဖွေ
ဘယ်ရပ်ဌါနေ ဘယ်ဆီများသွားပါလိမ့်
နေစိမ့်တဲ့သူရေ
ပန်းပိတောက်ဝါတွေ ပန်းပိတောက်ဝါတွေ
ရွှေရည်လူးဖူးပွင့်ခဲ့ပြီလေ
......
အချစ်ဦး မေရေ
ပန်းပွင့်ကို လှမ်းလင့်ကာခြွေ
ပေးချင်လှပေ ပေးချင်လှပေ
ချစ်သူ ချစ်သူ မဉ္ဇူ ချစ်ဇမ္ဗူဒီမြေ
ကုန်ကာဆုံးစေတော့ မတွေ့ရင် မောင်မနေ
မြတ်ဘုရားထံပါးမှာ တည်ထားသက်သေ
တောင်းဆုခြွေ တောင်းဆုခြွေ
.....
နှစ်သစ်ချစ်ဦး ပျော်မြူးရွှင်စွာ
တွေ့ပါရစေ နှစ်သစ်ချစ်ဦးရေ
နှစ်သစ်ချစ်ဦးရေ နှစ်သစ်ချစ်ဦးရေ
မောင် ခေါ်ရင် မယ် ထူးစေ
မယ် ခေါ်ရင် မောင် ထူးပါမယ်..လေ
MinKhent