menu-iconlogo
huatong
huatong
avatar

ကိုယ်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ(female ver)

စိုင်းဆိုင်မောဝ်huatong
mikesyl2005huatong
Paroles
Enregistrements
အခြေမဲ့ ကိုယ့်ဘဝရဲ့ ရင်ခွင်ငယ်ထဲမှာ

ဘယ်သူ ခိုဝင်မှေးစက်ချင်မှာလဲ

ချစ်တတ်တဲ့နှလုံးသား သည်မှာတကယ်ရှိတယ်

ဘယ်အငြိုးကြောင့် အချစ်ရယ်မုန်းသွားတယ်

ဟိုဆီ ရပ်ဝေး ခဏလေး ပြောထွက်ခွာ

နင်လေထွက်သွား တစ်နှစ်ပြည့် ပြန်ကာမလာ

မကြင်နာလိုသူကို

တို့အလွမ်းတွေ မထားရှိခဲ့ပါ

တို့ရဲ့အချစ်ကိုလှည့်ကာ လိမ်ညာသွား

ကိုယ်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ

ကိုယ် အမှတ်ရခဲ့လည်း နင်လေမေ့ထားမယ်

သည်မှာအမည်တောင် လွဲမှားသူခေါ်ပြီ

ဖြစ်သမျှဒီအကြောင်းလေး နင်လေ ညာခဲ့တယ်

ချစ်ခြင်းရဲ့အဆုံးဟာ အမုန်းလားကွယ်

ဟိုဆီရပ်ဝေး ခဏလေး ပြောထွက်ခွာ

နင်လေထွက်သွား တစ်နှစ်ပြည့် ပြန်ကာမလာ

မကြင်နာလိုသူကို

တို့အလွမ်းတွေ မထားရှိခဲ့ပါ

တို့ရဲ့အချစ်ကို လှည့်ကာလိမ်ညာသွား

ကိုယ်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ

ဟိုဆီရပ်ဝေး ခဏလေး ပြောထွက်ခွာ

နင်လေထွက်သွား တစ်နှစ်ပြည့် ပြန်ကာမလာ

မကြင်နာလိုသူကို

တို့အလွမ်းတွေ မထားရှိခဲ့ပါ

တို့ရဲ့အချစ်ကို လှည့်ကာလိမ်ညာသွား

ကိုယ်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ

ကိုယ်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ

Davantage de စိုင်းဆိုင်မောဝ်

Voir toutlogo