menu-iconlogo
huatong
huatong
avatar

အချစ် SaiHteeSaing

စိုင်းထီးဆိုင်/အောင်ကိုလတ်huatong
လေးစိုး_👉U_Soehuatong
Paroles
Enregistrements
အချစ်

စိုင်းထီးဆိုင် / အောင်ကိုလတ်

...........

ဒီလောကကြီးမှာ

လူမှန်ရင်လေ

ဘုရင်ကိုမဆိုထားနဲ့

သူတောင်းစားတောင်မှ

နိမ့်ကျပေမဲ့လဲ အချစ်ရှိတယ်

ပင်လယ်ရေပြင်ဟာလဲလေ

ကမ်းစပ်နဲ့ ကွာခြားလို့လဲ မရတယ်

ဒီလိုဘဲကွယ်

လူ့ဘဝတစ်လျှောက်မှာ ...

အချစ်နဲ့ ကင်းဝေးလို့လဲ မရတယ်

အချစ်ဟာ ဆန်းပြားလှပါတယ်

ကိုယ့်ဘဝလဲ

ဒီအချစ်နဲ့ ပါတ်သက်ရင်

ပြေးရှောင်ပုန်းလဲ မရနိုင်တယ်

အချစ်နဲ့ အမုန်းဟာ

ခွဲခြားလဲ မရတယ်

အမြဲသာ တွဲလျှက်ရှိနေမယ်

အများဘဝလဲ

ဒီအချစ်နဲ့ ပါတ်သက်ရင်

အမုန်းကို လုံးဝ မလိုလားတယ်

Music

........

မြင်ခဲ့ရသမျှရယ်

တွေးကြည့်ရင်လေ

မထင်တာတွေလဲဘဲ ဖြစ်တတ်တာဘဲ

ချစ်ကြပေမဲ့လဲ ကွဲတတ်တယ်

ကြင်နာတွေသူမှန်သမျှရယ်

ချစ်ကြလဲ

တစ်ခါများတော့ မုန်းတတ်တယ်

ကြုံဆုံစမြဲဘဲ

ချစ်ခရီးတစ်လျှောက်မှာ

အချစ်အတွက်နဲ့

ပျော်မြူးခဲ့ကြရသလို

စိတ်ညစ်ကာ နွမ်းလျလှတာလဲ

ရှိကြတယ်

ဒီအချစ်နဲ့ ပါတ်သက်ရင်

ပြေးရှောင်ပုန်းလဲ မရနိုင်တယ်

အချစ်အတွက်နဲ့ စုံတွဲခဲ့ကြရသလို

အသည်းကွဲကာ ခွဲခဲ့ရတာလဲ

ရှိသေးတယ်

ဒီအချစ်နဲ့ ပါတ်သက်ရင်

ပြေးရှောင်ပုန်းလဲ မရနိုင်တယ်

Music

လူ့ဘဝတစ်လျှောက်မှာ

အချစ်စစ်ဟာလေ

အကြင်နာတရားရဲ့

အဆုံးအဖြတ်မှာဘဲ

ပြောင်းလဲကာ နေမြဲရှိကြတယ်

ကြင်နာတွေသူမှန်သမျှရယ်

ချစ်စတော့

ဆိုစကားများ ထားကြတယ်

အဆင်မပြေတော့ကွယ်

ကွဲရတတ်ပြန်တယ်

အသက်နဲ့ရင်းပြီး ချစ်ခဲ့ကြရသလို

အချစ်ကို ဓါးပြတိုက်ခဲ့တာလဲ

ရှိကြတယ်

ဒီအချစ်နဲ့ ပါတ်သက်ရင်

အမြဲမြင်တွေ့မဲ့ အဖြစ်တွေပါ

အချစ်အတွက်နဲ့

ငွေရင်းပြီး ချစ်ကြသလို

မေတ္တာစစ်နဲ့ ချစ်တာလဲ

ခွဲခြားပြီး

ဒီအဖြစ်နဲ့ တွေးကြည့်ရင်

ရှုပ်ကိုရှုပ်မှရှုပ်ပါတယ်..

.........

ကျေးဇူးတင်ပါတယ်(လေးစိုး)

Davantage de စိုင်းထီးဆိုင်/အောင်ကိုလတ်

Voir toutlogo

Vous Pourriez Aimer