menu-iconlogo
huatong
huatong
avatar

အစိန္တေယျ

စိုးစန္ဒာထွန်းhuatong
"Say_Z"{💉}huatong
Paroles
Enregistrements
အစိန္တေယျ

တေးရေး မုံရွာဦးလေးခန့်

တေးဆို စိုးစန္ဒာထွန်း

အစိန္တေယျ အပ္ပမေယျ

အနန္တ သစ္စ ဇ ဌ

အတုမရှိသော ကျေးဇူးဂုဏ်တော်

အပေါင်းတည်ရာ ဖြစ်တော်မူသော

အရှင် ဝိပဿီ မြတ်စွာဘုရားကိုယ်တော်

ဘုန်းတော်အနန္တ ကံတော်အနန္တ

ဉာဏ်တော်အနန္တ

စကြာဝဠာ ကမ္ဘာမိုးမြေ

ဖြန့်ဖြန့်ကျိုးမျှ

တန်ခိုးတော်အနန္တနဲ့

ပြည့်စုံတော်မူသော

အရှင်သိခီ မြတ်စွာဘုရားကိုယ်တော်

လောကီမာန်တိုင် နှောသည့်ဉာဏ်ပိုင်

ပေါပြည့်လျှံကြိုင် လျှံကြိုင်

ဗောဓိမဏ္ဍိုင်

ခန်းဝါပိုင် ငါးခိုင်မာန်မျိုး

နှိမ်ပယ်ချိုးလို့

တန်ခိုးတော်သခင်

အရှင်ဝိဿဘူ မြတ်စွာဘုရားကိုယ်တော်

သီလာမြေထု မေယုသမာဒိန်

ဝရဇိန်ပညာ ဝိဂြိုလ်တော်ကဲ

သိမ်မွေ့နက်နဲ ခက်ခဲလှစွာ

တရားဒေသနာသခင်

ဖြစ်တော်မူသော

အရှင်ကုက္ကသန်

မြတ်စွာဘုရားကိုယ်တော်

သုံးလူ့ရှင်ပင် ကျွန်းထိပ်တင်

သောင်းခွင် စကြာဝဠာ

နတ်ဗြဟ္မာတို့

ရှိခိုးကော်ရော် ဖူးမြှော်ပါကြ

အရှင် ကောဏဂုံ

မြတ်စွာဘုရားကိုယ်တော်

ဘဝသုံးပါး

ဟုန်းဟုန်းသွား တဲ့

ရထား သံသရာ

ယဉ်စကြာဆိုတာ

ဘယ်လို ဘယ်သို့

ဟော်ဖော်မြွက် ဓမ္မစက်သခင်

ဖြစ်တော်မူသော

အရှင်ကဿပ

မြတ်စွာ ဘုရားကိုယ်တော်

သမ္ဘာလျှံကြိုင် ကမ္ဘာမဏ္ဍိုင်

မြရောင်စိုင် ခန့်ခိုင်ထင်ရှား

ဖြစ်တော်မူသော

အရှင် ဂေါတမ

မြတ်စွာ ဘုရားကိုယ်တော်

ဤခုနှစ်ဆူ ကုန်သော

မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်

ဤမင်္ဂလာ မဏ္ဍပ်

ကျောင်းတော်အမှတ်ဖြင့်သာလျှင်

ရွှေဖဝါးရတနာ

စကြာချလှမ်း..

ကြွမြန်းစံကြပါကုန် ဘုရား...

ဤခုနှစ်ဆူ ကုန်သော

မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်

ဤမင်္ဂလာ မဏ္ဍပ်

ကျောင်းတော်အမှတ်ဖြင့်သာလျှင်

ရွှေဖဝါးရတနာ

စကြာချလှမ်း..

ကြွမြန်းစံကြပါကုန် ဘုရား...

ရွှင်လန်းချမ်းမြေ့ကြပါစေ..

Davantage de စိုးစန္ဒာထွန်း

Voir toutlogo