သီချင်း - ခေါင်းငုံ့ချစ်နေမယ်
တေးဆို - စိုးလွင်လွင်
မျက်နှာထားတင်းတင်းနဲ့
နောက်မလာနဲ့လို့ ပြောလွှတ်လိုက်တယ်
ကိုယ်အစွဲအလန်းကြီးမှန်း
သိရက်သားနဲ့မင်းပြောရက်တယ်
ပြောနိုင်ပါတယ် ခေါင်းငုံ့ခံမယ်
ပြောနိုင်ပါတယ် သည်းညည်းခံမယ်
ကိုယ့်ကိုအမြဲတမ်း
မင်းပြောနိုင်ပါတယ်
ခြေလှမ်းပြင်းပြင်းနဲ့
ကိုယ့်အရှေ့နားက ဖြတ်လျှောက်သွားတယ်
ကိုယ့်နှလုံးသွေးများလည်း
ဒေါသစိတ်ကြောင့် ဖျဉ်းခနဲဖြစ်တယ်
မင်းမာနိုင်တယ် မင်းအနိုင်ယူကွယ်
မင်းမာနိုင်တယ် သည်းညည်းခံမယ်
ကိုယ့်ကိုအမြဲတမ်း မင်းမာနိုင်ပါတယ်
ကိုယ်ဘယ်လောက်အထိချစ်သလဲ မင်းသိလား
ကိုယ်ဘယ်လောက်ထိခံမလဲ မင်းသိလား
ကိုယ်ဘယ်လောက်အထိမြတ်နိုးသလဲ
ကိုယ်ဘယ်လောက်အထိတန်ဖိုးထားတယ်
ခံနိုင်ရည် မင်းစမ်းကြည့်တာလား
ယုံကြည်အောင် သွေးတိုးစမ်းတယ်လား
ကြည့်မှန်းသိလျက်နဲ့
ခေါင်းငုံ့ကာ မျက်နှာဖယ်တယ်
ကိုယ့်အသည်းနှလုံးများလည်း
ဆွဲခါသလိုတဆတ်ဆတ်တုန်တယ်
အနင်းခံနိုင်တယ် အရွဲ့ခံနိုင်တယ်
အပြောခံနိုင်တယ် အမုန်းခံနိုင်တယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ချစ်နေမယ်
ကိုယ်ဘယ်လောက်အထိချစ်သလဲ မင်းသိလား
ကိုယ်ဘယ်လောက်ထိခံမလဲ မင်းသိလား
ကိုယ်ဘယ်လောက်အထိမြတ်နိုးသလဲ
ကိုယ်ဘယ်လောက်အထိတန်ဖိုးထားတယ်
ခံနိုင်ရည် မင်းစမ်းကြည့်တာလား
ယုံကြည်အောင် သွေးတိုးစမ်းတယ်လား
ခြေလှမ်းပြင်းပြင်းနဲ့
ကိုယ့်အရှေ့နားက ဖြတ်လျှောက်သွားတယ်
ကိုယ့်နှလုံးသွေးများလည်း
ဒေါသစိတ်ကြောင့် ဖျဉ်းခနဲဖြစ်တယ်
မင်းမာနိုင်တယ် မင်းအနိုင်ယူကွယ်
မင်းမာနိုင်တယ် သည်းညည်းခံမယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ချစ်နေမယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ချစ်နေမယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ချစ်နေမယ်