menu-iconlogo
huatong
huatong
avatar

တို့လမ်းကိုတို့ဆက်လျှောက်မယ်

စိုးလွင်လွင်huatong
ChitWinnHtuthuatong
Paroles
Enregistrements
“ တို့လမ်းကိုတို့ဆက်လျှောက်မယ် ”

တေးရေး/ဆို- စိုးလွင်လွင်

ကိုယ့်ကိုမင်း ယုံတယ်ဆို

မင်းကိုလဲ ကိုယ်ယုံတယ်

ဘေးလူတွေစကား သွားနားမယောင်နဲ့

ကိုယ့်ကို အပြစ်ပုံမယ်ဆို

မင်းကိုလဲ ပုံနိုင်တယ်

ကြားလူတွေစကားကြောင့် မမှားချင်နဲ့

မခွဲနိုင်ဘူး ချစ်တယ်ကို

မမုန်းပါနဲ့ အကြိမ်ကြိမ်ဆို

စကားတွေကို လုံးဝမမေ့ပါနဲ့

တို့နှစ်ယောက်စလုံး အတူတူကို

သိလာတဲ့ အပြစ်တွေကို

အခုအချိန်မှာ ကိုယ့်ဘက်ပို့ရန်မလို

တစ်ယောက်ကိုတစ်ယောက် ယုံကြည်ထားရင်

စကားအပိုတွေ ပြောဖို့မလို

လုပ်စရာရှိတဲ့ အလုပ်တွေဆက်လုပ်ရုံ

တို့နှစ်ယောက်က အဆင်မပြေဖြစ်နေ

ပြည်တွင်းစစ် တိုက်နေကြရင်

တောကြောင်တွေ လက်ခမောင်းခတ်မယ်ချို

အဖိုးတန်တဲ့ အချိန်တွေကို

အငြင်းပွားလို့ မကုန်စေလို

တို့အချစ်ကို တံစဉ်းနဲ့အစားမခံစားနဲ့

ကိုယ့်ကိုမင်း ယုံတယ်ဆို

မင်းကိုလဲ ကိုယ်ယုံတယ်

တို့လမ်းကို တို့ဆက်လျှောက်မယ်ချို

ကိုယ့်ကိုမင်း ယုံတယ်ဆို

မင်းကိုလဲ ကိုယ်ယုံတယ်

ဘေးလူတွေစကား သွားနားမယောင်နဲ့

ကိုယ့်ကို အပြစ်ပုံမယ်ဆို

မင်းကိုလဲ ပုံနိုင်တယ်

ကြားလူတွေစကားကြောင့် မမှားချင်နဲ့

မခွဲနိုင်ဘူး ချစ်တယ်ချို

မမုန်းပါနဲ့ အကြိမ်ကြိမ်ဆို

စကားတွေကို လုံးဝမမေ့ပါနဲ့

တို့နှစ်ယောက်စလုံး အတူတူကို

သိလာတဲ့ အပြစ်တွေကို

အခုအချိန်မှာ ကိုယ့်ဘက်ပို့ရန်မလို

တစ်ယောက်ကိုတစ်ယောက် ယုံကြည်ထားရင်

စကားအပိုတွေ ပြောဖို့မလို

ချစ်စရာရှိတဲ့ အချစ်တွေဆက်ချစ်ရုံ

တို့နှစ်ယောက်က အဆင်မပြေဖြစ်နေ

ပြည်တွင်းစစ် တိုက်နေကြရင်

တောကြောင်တွေ လက်ခမောင်းခတ်မယ်ချို

အဖိုးတန်တဲ့ အချိန်တွေကို

အငြင်းပွားလို့ မကုန်စေလို

တို့အချစ်ကို တံစဉ်းနဲ့အစားမခံစားနဲ့

ကိုယ့်ကိုမင်း ယုံတယ်ဆို

မင်းကိုလဲ ကိုယ်ယုံတယ်

တို့လမ်းကို တို့ဆက်လျှောက်မယ်ချို

တို့လမ်းကို တို့ဆက်ဖောက်မယ်ချို

တို့လမ်းကို တို့ဆက်လျှောက်မယ်ချို

Davantage de စိုးလွင်လွင်

Voir toutlogo