menu-iconlogo
huatong
huatong
avatar

ပိတောက်လမ်း

စန္ဒယားချစ်ဆွေhuatong
aidanv1huatong
Paroles
Enregistrements
ပိတောက်လမ်း

တေးရေး ဆို စန္ဒယားချစ်ဆွေ

အို.....အို......ကိုယ်တစ်ယောက်တည်း.....

ပိတောက်လမ်းဝယ် လျှောက်စမ်းချင်ပါတယ်

တလွင့်လွင့်ကြွေ....

ပန်းခြွေခြွေ ရွှေရည်လျှမ်းပေတယ်

စမ်းရေကျသံ သာမောဖွယ်

တီးတိုးရယ်သံ

ကိုယ့်ကိုလှောင်လေသလားကွယ်

ထုံသင်းကြိုင်လောက်

ရွှေပိတောက် ချိုကြည်ကြည်ရယ်

ငိုရယ် ငိုရယ် စသလား

ကိုယ့်အပါးထံ လွင့်လွင့်ပျံတယ်

အတိတ်ရယ် ဇာတ်ကြောင်း

ပြန်ပြောင်းမပြောလိုပါဘူးကွယ်

ချစ်သူချင်းဆုံ

ပန်းရဂုံအလယ်

ချစ်သူခွာပြေး ဟိုအဝေးနှယ်.....

တလွင့်လွင့်ကြွေ.......

ပန်းခြွေခြွေ ရွှေရည်လျှမ်းပေတယ်

စမ်းရေကျသံ သာမောဖွယ်

တီးတိုးရယ်သံ

ကိုယ့်ကိုလှောင်လေသလားကွယ်

ထုံသင်းကြိုင်လောက်

ရွှေပိတောက် ချိုကြည်ကြည်ရယ်

ငိုရယ် ငိုရယ် စသလား

ကိုယ့်အပါးထံ လွင့်လွင့်ပျံတယ်

အတိတ်ရယ် ဇာတ်ကြောင်း

ပြန်ပြောင်းမပြောလိုပါဘူးကွယ်

ချစ်သူချင်းဆုံ

ပန်းရဂုံအလယ်

ချစ်သူခွာပြေး ဟိုအဝေးနှယ်.....

သြော်.....လတန်ခူးပေမို့

မြဖူးတွေ သစ်သစ်ဝေတယ်

အချစ်ရေ အချစ်ရေလို့

ကိုယ်ကခေါ် ခေါ်ပေမဲ့လည်း

မင်းကတော့ မကြားပါဘူးကွယ်

ချစ်ပဲ့တင်သံ ရိုက်ခတ်ပြန်လေတော့

ပင်ယံထက်ဆီက

ငှက်မြည်သံပေး ပေးတယ်

အဝေး အဝေး အဝေးတဲ့

အတွေးနယ်ကျယ် အဆွေးနယ်ပယ်

အဆွေးသည် ကိုယ်တစ်ယောက်တည်းပါကွယ်

ဘ၀ခရီး တစ်စမနီး

ဘ၀ခရီး ဆက်ပြီး နှင်ရပေဦးမယ်

အို....အို...ကိုယ်တစ်ယောက်တည်း......

ပိတောက်လမ်းဝယ်

လျှောက်စမ်းချင်ပါတယ်

Thanks

Moh Moh Tun

Davantage de စန္ဒယားချစ်ဆွေ

Voir toutlogo