တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးတော့
ချစ်စကားလေးတွေ
တတွတ်တွတ်ပြောကာ
ပြုံးရယ်ရွှင် ပျ
ကြည်နူးခဲ့ကြတာတွေရယ်
မမေ့နိုင်ပါလားကွယ်
မေ့ပျောက်လို့မရပါလားကွယ်
အခုလိုမိုးကလေးညို့မှ
ချစ်တဲ့သူကိုပိုသတိရတယ်
အကြင်နာဆုံးရယ်
မမြင်တာကြာလို့မုန်းပြီထင်တယ်
တစ်ကမ္ဘာမခြားသေးပါဘူးကွယ်
မတွယ်တာနေစိမ့်လှပါ. . . တယ်
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးတော့
ချစ်စကားလေးတွေ
တတွတ်တွတ်ပြောကာ
ပြုံးရယ်ရွှင် ပျ
ကြည်နူးခဲ့ကြတာတွေရယ်
မမေ့နိုင်ပါလားကွယ်
မေ့ပျောက်လို့မရပါလားကွယ်
အခုလိုမိုးကလေးညို့မှ
ချစ်တဲ့သူကိုပိုသတိရတယ်
အကြင်နာဆုံးရယ်
မမြင်တာကြာလို့မုန်းပြီထင်တယ်
တစ်ကမ္ဘာမခြားသေးပါဘူးကွယ်
မတွယ်တာနေစိမ့်လှပါ. . . တယ်
မုသားသစ္စာရယ်လို့
အခုများအပြစ်မရှာချင်ပါကွယ်
သံယောဇဉ်. . ဆိုတာမျိုးကလည်း
ဖြတ်နိုင်သူအဖို့အေးချမ်းတယ်
ကိုယ့်ရင်မှနွယ်
အသည်းမှာခိုင်လို့ခက်ပါတယ်. .
မုသားသစ္စာရယ်လို့
အခုများအပြစ်မရှာချင်ပါကွယ်
သံယောဇဉ်
. . ဆိုတာမျိုးကလည်း
ဖြတ်နိုင်သူအဖို့အေးချမ်းတယ်
ကိုယ့်ရင်မှနွယ်
အသည်းမှာခိုင်လို့ခက်ပါတယ်. .
နွေကန္တာခရီးသွားပမာ
အရိပ်ကိုသတိရခြင်းနဲ့
မက်မောတမ်းတ
ချစ်ဝေ့လည်လည်. .
တစ်ကမ္ဘာမခြားသေးပါဘူးကွယ်
မတွယ်တာနေစိမ့်လှပါ. . . တယ်
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးတော့
ချစ်စကားလေးတွေ
တတွတ်တွတ်ပြောကာ
ပြုံးရယ်ရွှင် ပျ
ကြည်နူးခဲ့ကြတာတွေရယ်
မမေ့နိုင်ပါလားကွယ်
မေ့ပျောက်လို့မရပါလားကွယ်
အခုလိုမိုးကလေးညို့မှ
ချစ်တဲ့သူကိုပိုသတိရတယ်
အကြင်နာဆုံးရယ်
မမြင်တာကြာလို့မုန်းပြီထင်တယ်
တစ်ကမ္ဘာမခြားသေးပါဘူးကွယ်
မတွယ်တာနေစိမ့်လှပါ. . . တယ်
မုသားသစ္စာရယ်လို့
အခုများအပြစ်မရှာချင်ပါကွယ်
သံယောဇဉ်. . ဆိုတာမျိုးကလည်း
ဖြတ်နိုင်သူအဖို့အေးချမ်းတယ်
ကိုယ့်ရင်မှနွယ်
အသည်းမှာခိုင်လို့ခက်ပါတယ်. .
မုသားသစ္စာရယ်လို့
အခုများအပြစ်မရှာချင်ပါကွယ်
သံယောဇဉ်. .
ဆိုတာမျိုးကလည်း
ဖြတ်နိုင်သူအဖို့အေးချမ်းတယ်
ကိုယ့်ရင်မှနွယ်
အသည်းမှာခိုင်လို့ခက်ပါတယ်. .
နွေကန္တာခရီးသွားပမာ
အရိပ်ကိုသတိရခြင်းနဲ့
မက်မောတမ်းတ
ချစ်ဝေ့လည်လည်. .
တစ်ကမ္ဘာမခြားသေးပါဘူးကွယ်
မတွယ်တာနေစိမ့်လှပါ. . . တယ်
ကျေးဇူးတင်ပါတယ်
ရဲနိုင်