menu-iconlogo
huatong
huatong
avatar

ချစ်မိလို့များ

ညီမင်းခိုင်huatong
🎵🅺🅞⋆🅾🅚🎵➳ℭᴾˡᵃᶜᵉ✓huatong
Paroles
Enregistrements
ချစ်မိလို့များ

ဆို - ညီမင်းခိုင်

မတွေဝေဖူးသော ငါ့စိတ်များ

အညင်သာဆုံး စူးရှလို့သွားခဲ့

ရင်ခုန်နှုန်းများကျိုးပဲ့နေ

မင်းကိုမြင်တဲ့ခဏ

ကျိန်စာများလားမသိတော့ပါ

အချစ်ကို ငါစသိစဉ်မှာ...

အရာရာအလွဲအမှားများစွာနဲ့

အသေအချာတစ်ခုမှမရှိတော့ဘူးလေ

ရင်မှာအပိုင်းအစကွဲကြေ

မင်းမမြင်နိုင်လည်းပဲ

အသိမ်မွေ့ဆုံးသော ငါ့အချစ်တွေ

မင်းဆီကိုတရွှေ့ရွှေ့ခရီးနှင်နေ

ချစ်မိလို့များမှားနေလည်း

ကျေနပ်လက်ခံလိုက်မယ်

ချစ်မိလို့များမုန်းရင်လည်း

ဆက်ပြီးအမုန်းခံပါ့မယ်

ချစ်မိလို့များသတ်ရင်လည်း

ဒီဘဝစတေးခံဝံ့တယ်

မင်း စေညွှန်ရာအတိုင်းပဲ

ငါပေးအပ်ဖို့ အသင့်ရှိပါတယ်

မတွေဝေဖူးသော ငါ့စိတ်များ

အညင်သာဆုံး စူးရှလို့သွားခဲ့

ရင်ခုန်နှုန်းများကျိုးပဲ့နေ

မင်းကိုမြင်တဲ့ခဏ

ကျိန်စာများလားမသိတော့ပါ

အချစ်ကို ငါစသိစဉ်မှာ

အရာရာအတိမ်းအစောင်းများစွာနဲ့

အသေအချာတစ်ခုမှမရှိတော့ဘူးလေ

ရင်မှာအပိုင်းအစကွဲကြေ

မင်းမမြင်နိုင်လည်းပဲ

အသိမ်မွေ့ဆုံးသော ငါ့အချစ်တွေ

မင်းဆီကိုတရွှေ့ရွှေ့ခရီးနှင်နေ

ချစ်မိလို့များမှားနေလည်း

ကျေနပ်လက်ခံလိုက်မယ်

ချစ်မိလို့များမုန်းရင်လည်း

ဆက်ပြီးအမုန်းခံပါ့မယ်

ချစ်မိလို့များသတ်ရင်လည်း

ဒီဘဝစတေးခံဝံ့တယ်

မင်း စေညွှန်ရာအတိုင်းပဲ ဟင်း...

ချစ်မိလို့များမှားနေလည်း

ကျေနပ်လက်ခံလိုက်မယ်

ချစ်မိလို့များမုန်းရင်လည်း

ဆက်ပြီးအမုန်းခံပါ့မယ်

ချစ်မိလို့များသတ်ရင်လည်း

ဒီဘဝစတေးခံဝံ့တယ်

မင်း စေညွှန်ရာအတိုင်းပဲ ဟင်း...

ချစ်မိလို့များမှားနေလည်း

ကျေနပ်လက်ခံလိုက်မယ်

ချစ်မိလို့များမုန်းရင်လည်း

ဆက်ပြီးအမုန်းခံပါ့မယ်

ချစ်မိလို့များသတ်ရင်လည်း

ဒီဘဝစတေးခံဝံ့တယ်

မင်း စေညွှန်ရာအတိုင်းပဲ

ငါပေးအပ်ဖို့ အသင့်ရှိပါတယ် ရေး ...

Davantage de ညီမင်းခိုင်

Voir toutlogo