ပေဖူးလွှာ ပေဖူးလွှာ
ပေ.... ဖူးလွှာ ရင်မှာပိုက်ပါလို့
လိုက်ချင်ရဲ့ သည်ပျိုမေ
ဆွေးနေတဲ့ အချိန်များ
လွမ်းအားတွေ . . .
လွမ်းအားတွေ . . .
လွမ်း... အားတွေပွားတဲ့
မယ့်အား...
တကယ်မသနား..
ပယ်ထား...
နေအား... ပေ
ပျိုလေးတို့ အိမ်ခေါင်မိုး
ထိုးလာပါတဲ့ ပေဖူးလွှာ
ဘာစာတွေ လဲလို့ မေးကြသလေ
ပျိုလေးတို့ အိမ်ခေါင်မိုး
ထိုးလာပါတဲ့ ပေဖူးလွှာ
ဘာစာတွေ လဲလို့ မေးကြသလေ
မေးပါနဲ့အေ
ဪ... မေးပါနဲ့အေ
မေ့ကိုလေ သူမသနား
နယ်ခြားကိုတဲ့ စစ်ချီကာနေ
စစ်မြေုပြင် တစ်နယ်ကျေးက
ပေးလာတဲ့ လွမ်းစာကွယ့်
လွမ်းစာကွဲ့ အေ... လွမ်းစာကွဲ့အေ
တစ်ကျွန်းစီနေ
တစ်မြေစီခြားပေမယ့်
အချစ်အား ပစ်ထား
စစ်သားမို့ပေ
ဆွေးမပြေ... ဆွေး... မပြေ
ခွေယိုင်ကာနွမ်းပေမယ်
ချစ်ရေးထက် စစ်ရေးခက်
အချက်တွေက ပွေ
တိုင်းပြည်တာဝန် ဝတ္တရား မပျက်အောင်
ထမ်းဆောင်နေတဲ့ ဇာနည်မောင်ရေ
အောင်သပြေ တောင်းဆုခြွေ
ဘေးဘယာ ဝေးကွာအေးမြစေ
စိန္တေမြတ်ဘုရား မလေ
အောင်သပြေ တောင်းဆုခြွေ
ဘေးဘယာ ဝေးကွာအေးမြစေ
စိန္တေမြတ်ဘုရား မလေ
ချစ်ရေးဆို အမှုမထားနဲ့လေ
စစ်ရေးကိုကရုထားလို့နေ
ချစ်ရေးဆို အမှုမထားနဲ့လေ
စစ်ရေးကိုကရုထားလို့နေ
မေမှာပါရစေ ချစ်သက်ဝေ
ဪ ချစ်သက်ဝေ
စာခွေ ပါးလိုက်လေ...
တစ်ကျွန်းစီနေ
တစ်မြေစီခြားပေမယ့်
အချစ်အား ပစ်ထား
စစ်သားမို့ပေ
ဆွေးမပြေ... ဆွေး... မပြေ
ခွေယိုင်ကာနွမ်းပေမယ်
ချစ်ရေးထက် စစ်ရေးခက်
အချက်တွေက ပွေ
တိုင်းပြည်တာဝန် ဝတ္တရား မပျက်အောင်
ထမ်းဆောင်နေတဲ့ ဇာနည်မောင်ရေ
အောင်သပြေ တောင်းဆုခြွေ
ဘေးဘယာ ဝေးကွာအေးမြစေ
စိန္တေမြတ်ဘုရား မလေ
အောင်သပြေ တောင်းဆုခြွေ
ဘေးဘယာ ဝေးကွာအေးမြစေ
စိန္တေမြတ်ဘုရား မလေ
ချစ်ရေးဆို အမှုမထားနဲ့လေ
စစ်ရေးကိုကရုထားလို့နေ
ချစ်ရေးဆို အမှုမထားနဲ့လေ
စစ်ရေးကိုကရုထားလို့နေ
မေမှာပါရစေ ချစ်သက်ဝေ
ဪ ချစ်သက်ဝေ
စာခွေ ပါးလိုက်လေ...