အချစ်မရှိ နေ့ရက်များ
တေးရေး ဆောင်းဦးလှိုင်
ဆို တင်ဇာမော်
နှောင်ဖွဲ့ ထားတဲ့ ကြိုးကလေးတွေ
ပြတ်တဲ့ အချိန်ရောက်
တားမြစ်ထားလဲ ဆုံးဖြတ်ပြီး
မင်းအဝေးကြီး သွားလိုက်တော့
အားလုံး အကောင်းဆုံး
မင်းလေးအတွက် ငါကြိုးစား နေတုန်း
မုန်းလိုက်..
တို့မိန်းမသား ဘဝ
ဒါကိုမင်းမှ နားမလည်ဘဲ
အားလုံးရဲ့ အတိုက်အခိုက်တွေ
တို့ကတော့ သိပ်ကြောက်ခဲ့
မင်းလောက် တို့က
မချစ်ခဲ့လို့ မဟုတ်ဘူး သိရဲ့လား
အချိန်တွေက ပြောပြသွားမှာပါ
မင်းကို သိပ်ချစ်ခဲ့တဲ့
နာကျင် အသည်းကွဲရတဲ့
မိန်းခလေး တစ်ယောက်ရဲ့
ဖြစ်ရပ်များကို နောက်မှသိမယ်
တို့ရဲ့ အချစ်တွေ
ဆုံးဖြတ်မှားတွေ ဆက်တိုက်လုပ်ကာ
မင်းမုန်း လိုက်တဲ့နေ့
နေရောင် မရှိတဲ့
နေ့မှာ မင်းအဝေး
ကိုယ့်အသည်းတွေ ဆက်လို့မရတော့
အပိုင်းပိုင်းအစစ ကျိုးပျက် သွားတဲ့
နေ့တစ်နေ့ အဆိုးဆုံး အချိန်လား
အရာရာကို ချိုးဖျက် လိုက်တဲ့နေ့
နေရောင်မရှိတဲ့ ကိုယ့်နေ့တွေ
မင်းအဝေး ကမ္ဘာမြေမှာ
အမှောင်တွေသာ နေရာယူ
အချစ် မရှိတော့တဲ့ နေ့များ
တစ်စက္ကန့်လောက်မှ တို့ကမပျော်ဘူး
အချစ်မရှိ နေ့ရက်များ
ရင်မှာ နှောင်ဖွဲ့ ကြိုးကလေးတွေ
ပြတ်တဲ့ အချိန်ရောက်
တားမြစ်ထားလဲ ဆုံးဖြတ်ပြီး
မင်းအဝေးကြီး သွားတဲ့နေ့
အားလုံး အကောင်းဆုံး
မင်းလေး အတွက် ကိုယ်
ပြောင်းလဲ မယ်ပေါ့
အိုး...ခုတော့
တို့မိန်းမသား ဘဝ
ဒါကို မင်းနားမလည်ပဲ
ဟေ့ စွတ်စွဲလိုက်
ကိုယ်ဟာ မင်းအချစ်နဲ့ မထိုက်တန်ခဲ့
မင်းလောက် တို့က
မချစ်ခဲ့မိပါဘူး တဲ့လား
အူး..မင်းအမှား
အချိန်တွေက ပြောပြသွားမှာပါ
မင်းကို သိပ်ချစ်ခဲ့တယ်
နာကျင် အသည်းကွဲရတဲ့
မိန်းခလေး တစ်ယောက်ရဲ့
ဖြစ်ရပ်များကို
နောက်မှသိမယ်
တို့ရဲ့ အချစ်တွေ
ဆုံးဖြတ်အမှားတွေ ဆက်တိုက်လုပ်ကာ
မင်းမုန်း လိုက်တဲ့နေ့
နေရောင်မရှိတဲ့ နေ့မှာမင်းအဝေး
ကိုယ့်အသည်းတွေ ဆက်လို့မရတော့
အပိုင်းပိုင်းအစစ ကျိုးပျက်သွားတဲ့
နေ့တစ်နေ့ အဆိုးဆုံး အချိန်လား
အရာရာကို ချိုးဖျက်လိုက် တဲ့နေ့
နေရောင်မရှိတဲ့ ကိုယ့်နေ့တွေ
မင်းအဝေး ကမ္ဘာမြေမှာ
အမှောင်တွေ သာနေရာယူ
အချစ် မရှိတော့တဲ့ နေ့များ
တစ်စက္ကန့် လောက်မှ တို့ကမပျော်ဘူး
အချစ်မရှိ နေ့ရက်များ.....
အချိန်တွေက ပြောပြသွားမှာပါ
မင်းကို သိပ်ချစ်ခဲ့တဲ့
နာကျင်အသည်း ကွဲရတဲ့
မိန်းခလေး တစ်ယောက်ရဲ့
ဖြစ်ရပ်မှန်ပေါ့
နောက်မှသိ မယ်
တို့ရဲ့ အချစ်တွေ
ထားသွားအချစ်ရေ ထားသွား..
အချစ်တွေ မရှိတဲ့
နေ့မှာ မင်းအဝေး
ကိုယ့်အသည်းတွေ ဆက်လို့မရတော့
အပိုင်းပိုင်း အစစ
ကျိုးပျက် သွားတဲ့ နေ့တစ်နေ့
အဆိုးဆုံး အချိန်လား
အရာရာကို ချိုးဖျက်လိုက် တဲ့နေ့
နေရောင်မရှိတဲ့ ကိုယ့်နေ့တွေ
မင်းအဝေး ကမ္ဘာမြေမှာ
အမှောင်တွေသာ နေရာယူ
အချစ် မရှိတော့တဲ့ နေ့များ
တစ်စက္ကန့် လောက်မှ တို့ကမပျော်ဘူး
အချစ်မရှိ နေ့ရက်များ
တစ်စက္ကန့် လောက်မှ တို့ကမပျော်ဘူး
အချစ် မရှိနေ့ရက်များ
တစ်စက္ကန့် လောက်မှ
ကိုယ်မပျော်ဘူး ဆွေး...
အချစ်မရှိ နေ့ရက်များ ......
ကမ္ဘာမြေဟာ အလွမ်းများ ကြောင့်
အကျည်းတန် သွား...