menu-iconlogo
huatong
huatong
avatar


နန်ဒဧရာhuatong
radicalretta187huatong
Paroles
Enregistrements
သီချင်း - နှလုံးသားမှာအားလုံးရှိတယ်

တေးဆို - နန္ဒဧရာ

ကိုယ်တစ်ယောက်ထဲ ရှိတဲ့

အဆင်းရဲဆုံး နှလုံးသားနိုင်ငံငယ်

ခေါင်မိုးပေါက်က တိုးကျတဲ့

လနဲ့ကြယ်ရောင်ရယ်

ယိုင်လဲတော့မယ့် တဲကလေးရဲ့

အားနည်းနေပုံရယ်

အဆင်မပြေနိုင်တဲ့

ကိုယ့်ဘဝအတိုင်းပဲကွယ်

မပြေပင်တိုင်စံ ပန်းကလေးတစ်ပွင့်

ကိုယ့်အတွက်ကြောင့်

မညှိုးနွမ်း စေချင်တယ်

ကဗျာလေး တစ်ပုဒ်ထက် နူးညံ့တဲ့

မိန်းခလေး ငယ်ကိုကွယ်

ဘဝခရီးကြမ်းထဲ အချစ်တစ်ခုနဲ့

မလိုက်ခဲ့ စေချင်တယ်

မလာချင်ပါနဲ့ဦးလား မိန်းခလေးရယ်

ရွှေနန်းတော် ရွှေကော်ဇော

ခင်း ခန်းဆောင်လယ်

စံမြန်းကာ ခြွေရံအသင်း

အသင်း များစွာအလယ်

အမြင့်ဆုံးမှာ ဘုရင်မလေး

တစ်ပါးဖြစ်စေကွယ်

အချစ်လေးရယ် ဒီလိုမင်းကို

ကိုယ် ထားချင်တယ်

နှလုံသားမှာ အားလုံးရှိတယ်

ကြယ်တွေကို မင်းအခန်းထဲ မီးထွန်းဖို့

ဆွဲပေး ချင်ပါတယ်

ခြေတစ်လှမ်း လှမ်းတိုင်း

ပန်းကလေးတစ်ပွင့်ခင်းပေးနေချင်တယ်

နှလုံးသွေးနဲ့ မင်းနှုတ်ခမ်းလေး

ဆေးဆိုး စေချင်တယ်

ပျော်စရာတွေပဲမင်းအတွက်ဖြစ်ရမယ်

လေထန် မုန်တိုင်းစဲလို့

ကိုယ့်ရဲ့ဘဝ

ငြိမ်းချမ်း လာချိန်မယ်

ကိုယ်တို့နှစ်ယောက်အတွက်

လပြည့်ည

ရောက်ရှိ လာချိန်မယ်

အချစ်ဆုံးလေးအတွက် ပန်းခင်းလမ်း

ခင်းပေး ချိန်မှာကွယ်

လာခေါ်မှာပေါ့ ကိုယ်ရဲ့ မိန်းခလေးရယ်

ရွှေနန်းတော် ရွှေကော်ဇော

ခင်း ခန်းဆောင်လယ်

စံမြန်းကာ ခြွေရံအသင်း

အသင်းများစွာအလယ်

အမြင့်ဆုံးမှာ ဘုရင်မလေး

တစ်ပါး ဖြစ်စေကွယ်

အချစ်လေးရယ် ဒီလိုမင်းကို

ကိုယ် ထားချင်တယ်

နှလုံသားမှာ အားလုံးရှိတယ်

ကြယ်တွေကို မင်းအခန်းထဲ မီးထွန်းဖို့

ဆွဲပေး ချင်ပါတယ်

ခြေတစ်လှမ်း လှမ်းတိုင်း

ပန်းကလေးတစ်ပွင့်ခင်းပေးနေချင်တယ်

နှလုံးသွေးနဲ့ မင်းနှုတ်ခမ်းလေး

ဆေးဆိုး စေချင်တယ်

ပျော်စရာတွေပဲမင်းအတွက် ဖြစ်ရမယ်

Davantage de နန္ဒဧရာ

Voir toutlogo