menu-iconlogo
huatong
huatong
avatar

အင်းလေးမှာရွာတဲ့မိုး Unicode

နီနီခင်ဇော် Ni Ni Khin Zawhuatong
natilie19huatong
Paroles
Enregistrements
အင်းလေးမှာ ရွာတဲ့မိုး

ဆို နီနီခင်ဇော်

တောင်တွေကာရံထားတဲ့အလယ်မှာ

အင်းလေးရေပြင်ပြာ

လှေငယ်လေးတစ်စင်း

တရွေ့ရွေ့လွန့်လူးလာ...

ထိုစဉ်မိုးကောင်းကင်မှာ

မှောင်ရီမည်းနက်ရိပ်ချယ်ကာ

လှေရှင်လေးတစ်ယောက်တည်း

အလွမ်းတေးငြီးလို့သာ

ကမ်းစပ်ကိုသူလှော်ခတ်လာ...

ထိုစဉ် မိုးတွေမည်းမှောင်ရီကာ

သည်းသည်းရွာပီတစ်ခါ

လှေငယ်လေးတော့

ကမ်းစပ်ရဲ့အဝေးမှာ

ရေပြင်လှိုင်းများ ခက်ထန်ကာ

မမြင်နိုင်စွမ်းတဲ့ ကမ်းခြေအလာ

လှေရှင်လေးတစ်ယောက်တည်း

အချစ်နဲ့ ကင်းဝေးရှာ

မိုးမင်းရယ် ညှာတာလိုက်ပါ...

အင်းလေးမှာ ရွာတဲ့မိုးရယ်

အင်းလေးမှာ ရွာတဲ့မိုးရယ်

တိတ်လှည့်ပါ တိတ်လှည့်ပါ

အလွမ်းအထီးကျန်

အဖော်မဲ့သူ့ကမ္ဘာ

တွေးမိလာ အကယ်၍များသာ

လှေဦးထိပ်မှာ

ကြင်နာသူလေးပါလာခဲ့ရင်

သူ ဒီလောက် အားငယ်မယ်မထင်ပါ...

ကြင်နာမည့်သူ မရှိနိုင်ခင်မှာ

သူ့အတွက် အဖော်မွန်ဟာ

ရေပြင်ထက်က မိုးစက်မှုန်များသာ

ပြာရီမှိုင်းတဲ့ ကောင်းကင်မှာ

လှေရှင်လေးအတွက် မိုးတွေရွာ

ညှာတာပါမိုးရယ်

အလွမ်းများနဲ့သူ့ဘဝမှာ

မိုးပဲသူ့အချစ်ဆုံးပါ...

အင်းလေးမှာရွာတဲ့မိုးရယ်

အင်းလေးမှာရွာတဲ့မိုးရယ်

တိတ်လှည့်ပါ တိတ်လှည့်ပါ

အလွမ်းအထီးကျန် အဖော်မဲ့သူ့ကမ္ဘာ

တွေးမိလာ အကယ်၍များသာ

လှေဦးထိပ်မှာ

ကြင်နာသူလေးပါလာခဲ့ရင်

သူဒီလောက် အားငယ်မယ် မထင်ပါ...

ရေပြင်ထက်မှာ အထီးကျန်တစ်ကိုယ်ရေ

လွမ်းလို့မဖြေနိုင်ပါ

လှေရှင်လေးရယ် အားမလျှော့ပါနဲ့ကွာ

မိုးကိုလည်း မချစ်စေချင်ပါ

အားမငယ်ပဲ ဆက်ကာလှော်ပါ

လှေငယ်လေးထက်မှာ

တစ်နေ့နေ့တော့ ဘဝရဲ့အဖော်

အားပေးမယ့်သူ ပေါ်လာလိမ့်မှာ...

Davantage de နီနီခင်ဇော် Ni Ni Khin Zaw

Voir toutlogo