ရွှေလည်တိုင်
ရေး / ရွှေပြည်အေး
ဆို /နီနီဝင်းရွှေ
........intro.....
........go.....
ထက်ကောင်းကင် အာကာဝေဟင်
မိုးလုံးညွှတ်မျှ ယိုကျမတတ်ပင်
ညှို့ဟန် ရောင်ချိပ် မှိုင်းမှုန် ရိပ်ထင်
တိမ်တောင် တိမ်လိပ်တွေ
တရိပ်ရိပ်ရွှေ့လျား ကာ တွင်တွင်
.......
ထက်ကောင်းကင် အာကာဝေဟင်
မိုးလုံးညွှတ်မျှ ယိုကျမတတ်ပင်
ညှို့ဟန် ရောင်ချိပ် မှိုင်းမှုန်ရိပ်ထင်.
တိမ်တောင် တိမ်လိပ်တွေ
တရိပ်ရိပ် ရွှေ့လျားကာ တွင်တွင်
.......
သဘာဝ ဝတ္တရား ဆောင်ရွက်နေ သလိုပင်
လျှပ်ပန်း ခွေနွဲ့ လေသွဲ့ရာတွင်
သာယာလှတဲ့ ပတ်ဝန်းကျင်
ဝတ်ဆံဝတ်ညှာ တင့်ကာမြူး ..ပုရစ် ဖူးတွေ
သန္တာလို နီတျာ သိင်္ဂါရောင် ဝါဆင်
မြစိမ်းရည် ကွန့်တဲ့
ရွက်ညွန့်ညှာတွေ လွန့်ကာ ဝေဝေလွင်
လောကဓါတ် ပန်ချီကား
စိတ်များကို ညှိုကာငင်
အဖော်ကင်းတဲ့ မေမဒီတွင်
ဝေရီရီ တစ်ခွင် ....
လွမ်းရစ် သန်း
ဆွေးကမ္ဗလာ လွှမ်းကာဆင်
...solo...music
.........go...
မြောက်လေပြန် ညောင်းလာတော့
သည် ဆောင်းကဝင် ...
ငယ်ပေါင်းကို မကြင်နာသူက
မမြင်လာပဲ....
အသည်းစုတွင် ကွဲလုချင်
အသည်းစုတွင် ကွဲလုချင်
ငယ်ကျွမ်း ခင်နွဲ့ အစဉ်ကွဲ့
ကြင်ဖက်တော် စစ်ပါလျှင်
အကိုရဲ့ ကြိုလှည့် ညိုနွဲ့နွဲ့ ဆံကေရှင်
Solo.....music..
......go.....
နွမ်းလျှ ဖြေမရွှင် ဖြေမရွှင်
လွမ်းစရာပင် မှန်းကာမြင်
ချစ်ကျွမ်းဝင် သူတစ်ပါး
တစ်နယ်ခြား လို့သာ ဖော်ဝေးသူမို့
ကေသီမယ် မခို့တရို့နဲ့
ကပို့ကရို မသိမ်းတတ် နိုင်ပင်
........go
နွမ်းလျှ ဖြေမရွှင် ဖြေမရွှင်
လွမ်းစရာပင် မှန်းကာမြင်
ချစ်ကျွမ်းဝင် သူတစ်ပါး
တစ်နယ်ခြား လို့သာ ဖော်ဝေးသူမို့
ကေသီမယ် မခို့တရို့နဲ့
ကပို့ကရို မသိမ်းတတ် နိုင်ပင်
ယိမ်းလုလု စိမ်းဟန်ပြု နေရော့ထင်
မောင်တွေး ချင့်လို့ လာသင့်ပါတယ် ပျိုထင်
စောင့်ကာပင် မရွှင်နိုင် အထူး
မေ့ဦးမောင်ရဲ့ ချစ်ဦး ခင်ခင်
မျှော်သာမျှော် ပျိုချစ်သူ မပေါ်လာတော့
ခေါင်းလေး တမော့မော့နဲ့
လည်တိုင်ကြော့မှာ
ခိုင်ခိုင်မနော့ နိုင်သရှင်
တွေးပါလျှင် တရေးရေးထင်မြင်
ဪ ဆွေးရပေါ့ ကြော့ဆုံးပျို ခင်
Solo.....music
......go....
မြောက်လေပြန် ညောင်းလာတော့
သည်ဆောင်း ကဝင် ...
ငယ်ပေါင်းကို မကြင်နာသူက
မမြင်လာပဲ.....
အသည်းစုတွင် ကွဲလုချင်
အသည်းစုတွင် ကွဲလုချင်
ငယ်ကျွမ်း ခင်နွဲ့ အစဉ်ကွဲ့
ကြင်ဖက်တော် စစ်ပါလျှင်
အကိုရဲ့ ကြိုလှည့် ညိုနွဲ့နွဲ့ ဆံကေရှင်
MinKhent