menu-iconlogo
huatong
huatong
avatar

စစ်ကိုင်းတောင်

ဖိုးသောကြာhuatong
petula37huatong
Paroles
Enregistrements
စစ်ကိုင်းတောင်

တေးရေး.. မြို့မငြိမ်း

တေးဆို.. ဖိုးသောကြာ

ပု..ညရှင် စေတီ အပါး...

စစ်ကိုင်းတောင်

စစ်ကိုင်းတောင် အထက်နားဆီ...က

အရှေ့တစ်လွှား ရှုလိုက်ရင်လေ..

ဧရာဝတီ ဒုဋ္ဌာဝတီ

နတ်ပန်းချီဆေးစုံ..ကွန့်ရော့လေသလား..

ဝဲလက်ျာ အတွန့်အတွန့် နဲ့

အလွန့်အလွန်

သာယာပါပေ......သည်၊

တစ်နှစ်ကူး....လို့

တစ်နှစ်ကျူးပြန်တော့

အသစ်အဖူးးဖြစ်ရပြန်ချေ...

တောတောင်ရေမြေ

...

ကုန်းနေ ရေနေ

...

သက်ရှိသက်မဲ့သတ္တ၀ါတွေ...

လောကဓာတ်ကြီးတစ်ခုလုံးးသစ်လို..မို့

ဒီနှစ်တွင်လည်း... ...

ချစ်ချစ်ခင်ခင် ချစ်ချစ်ခင်ခင်

ရွှင်ရွှင်ပျော် ပျော်.....နေ ၊

သမိုင်းရောင်မညှိုး

စစ်ကိုင်းတောင်တော်ရိုးးမှာလေ

မြူခိုးယှက်ဆိုင်းအုံ့မှိုင်းပြာရီဝေ.

မှုန်မှုန်ရီဝေ

စေ တီ ပုထိုး ဘုရား

မိုးဖျားမြင့်သီခေါင်ဗွေ

တောင်တွေ စိမ့်စမ်း

ချောင်တွေ သိန်းသန်း

ခေမာသောင်ကမ်း

တက်လှမ်းအောင်မြေ

မေဓာဝီ...လေး

တောမှီထုံးနဲ့ ယောဂီသုံးရှာပေ

ရောက်ကြဖူးးးသလား

ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှံ

ရှုဆန်းဖြာထွေ စစ်ကိုင်းတောင်ခြေ

အရောက်သွားး တရားရှာပေ

ဗုဒ္ဓဘာသာ မြန်မာတစ်တွေ

အတာကူးတဲ့ နှစ်ဦးဂိမ္မာန် နွေ

ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတောခြေ

သိင်္ဂီပွင့်ချပ် ရင်ခတ် သရဖီ ကြိုင်လို့ဝေ

ကံ့ဂေါ်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတော...ခြေ

သိင်္ဂီပွင့်ချပ် ရင်ခတ်သရဖီကြိုင်လို့ဝေ

ဖူးငုံဝေ ပုရစ်တံစည်

ညီတယ်လေ တဝေေ၀

လေပြေလေညင်းသွေးတော့ အေးးရနံ့ထုံပေ

ရွက်သစ်လောင်းလို့

ဟောင်းရွက်ညှာခြွေ အခါပေ

ရော်မြန်း ရွက်ကြင် ညိုလွင်မောင်းပြေပြေ

ရောက်ကြဖူးးးသလား

ဇယျာရွှေမြေ မြစ်ရေခွေဝန်းလျှံ

ရှုဆန်းဖြာထွေ

စစ်ကိုင်းတောင်ခြေ အရောက်သွားး

တရားးရှာပေ

ဗုဒ္ဓဘာသာ မြန်မာတစ်တွေ

အတာကူးတဲ့ နှစ်ဦးဂိမ္မာန်နွေ၊

မြစ်မင်းဧရာ ခွေကာဝိုင်းလို့

စစ်ကိုင်းအောင်ခြာမြေ

ရေလှိုင်းကလေးတွေ သွင်သွင်မြူးတော့

ငွေရောင်ဖြူးကာနေ

ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့

မြစ်တွင်းသာယာပေ

ချစ်ခြင်းသံသာနေ

ဟင်္သာစင်ရော် ကြင်ဖော်တွဲလို့

သဲကမ်းပါးယံဝဲ..ပျံကာနေ

ရောက်ကြဖူးသလား

ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှံ

ရှုဆန်းဖြာထွေ

စစ်ကိုင်းတောင်ခြေအရောက်သွား. တရားရှာပေ

ဗုဒ္ဓဘာသာ မြန်မာတစ်တွေ

အတာကူးတဲ့ နှစ်ဦးဂိမ္မာန် နွေ၊

မြစ်မင်းဧရာ ခွေကာဝိုင်းလို့

စစ်ကိုင်းအောင်ခြာမြေ

ရေလှိုင်းကလေးတွေ သွင်သွင်မြူးတော့

ငွေရောင်ဖြူးကာနေ

ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့

မြစ်တွင်းသာယာပေ

ချစ်ခြင်းသံသာနေ

ဟင်္သာစင်ရော် ကြင်ဖော်တွဲလို့

သဲကမ်းပါးယံဝဲ..ပျံကာနေ

ရောက်ကြဖူးးသလား

ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှံ

ရှုဆန်းဖြာထွေ

စစ်ကိုင်းတောင်ခြေအရောက်သွား. တရားရှာပေ

ဗုဒ္ဓဘာသာ မြန်မာတစ်တွေ

အတာကူးတဲ့ နှစ်ဦးဂိမ္မာန်နွေ။

ပြီးပါပြီ။

Davantage de ဖိုးသောကြာ

Voir toutlogo