menu-iconlogo
huatong
huatong
avatar

လင်းခေးအဝင်

ဘိုဖြူhuatong
ravyellhuatong
Paroles
Enregistrements
လင်းခေးအဝင်

တေးရေး စိုင်းထီးဆိုင်

တေးဆို ဘိုဖြူ

တောပန်းလေးများနဲ့ လှချင်တိုင်း

လှနေပါတဲ့ လမ်းလေးကွေ့ ကောက်ရာ

ဘေးနှစ်ဖက်မှာ အဆင်းအတက်

ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာ

တောင်ပြာတန်းတွေစီးလို့ကာ

မွေးရပ်မြို့ကလေးဆီ ရောက်ဖို့ နီး

တွေးပျော်နေပြီ မိဘနဲ့ အမျိုး အဆွေ

အားလုံးကို အပေါင်းအသင်း

ရောင်းရင်းများ ဝမ်းသာလို့ မဆုံးပေါ့လေ

ကျယ်ကျယ်လောင်လောင်နှုတ်ဆက်နေ

သာယာတဲ့ တိမ်လွှာတိမ်လိပ်

အနားရောက်အောင် တောင်ပြာတွေ

အဆင့်ဆင့် မြင့်မားစွာ ရောက်ချင်ဇော

မျှော်သူ ရင်မောနွမ်းလှပြီ

အမြင်သာနီး ခရီးဝေးတဲ့တောင်

မှိုင်းညိုဆိုင်းလို့ရယ် နှင်းမြူတွေ

လွှမ်းခြုံတဲ့ကြား ချောင်းလေးကလဲ

အသာ စီးဆင်းကာ အတန်း လိုက်

အကန့်နဲ့ခြား ဝိုင်းရံကာတဲ့မြို့အဝင်

နေညိုချိန် ပန်းချီကား အလားပမာ

တောပန်းလေးများနဲ့ လှချင်တိုင်း

လှနေပါတဲ့ လမ်းလေးကွေ့ ကောက်ရာ

ဘေးနှစ်ဖက်မှာ အဆင်းအတက်

ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာ

တောင်ပြာတန်းတွေစီးလို့ကာ

မွေးရပ်မြို့ကလေးဆီ ရောက်ဖို့ နီး

တွေးပျော်နေပြီ မိဘနဲ့ အမျိုး အဆွေ

အားလုံးကို အပေါင်းအသင်း

ရောင်းရင်းများ ဝမ်းသာလို့ မဆုံးပေါ့လေ

ကျယ်ကျယ်လောင်လောင်နှုတ်ဆက်နေ

သာယာတဲ့ တိမ်လွှာတိမ်လိပ်

အနားရောက်အောင် တောင်ပြာတွေ

အဆင့်ဆင့် မြင့်မားစွာ ရောက်ချင်ဇော

မျှော်သူ ရင်မောနွမ်းလှပြီ

အမြင်သာနီး ခရီးဝေးတဲ့တောင်

မှိုင်းညိုဆိုင်းလို့ရယ် နှင်းမြူတွေ

လွှမ်းခြုံတဲ့ကြား ချောင်းလေးကလဲ

အသာ စီးဆင်းကာ အတန်း လိုက်

အကန့်နဲ့ခြား ဝိုင်းရံကာတဲ့မြို့အဝင်

နေညိုချိန် ပန်းချီကား အလားပမာ

Davantage de ဘိုဖြူ

Voir toutlogo