menu-iconlogo
huatong
huatong
avatar

စံပယ်တင်မှဲ့​လေးနဲ့

မင်းသန်းhuatong
👀AMK1332👀huatong
Paroles
Enregistrements
စံပယ်တင်မှဲ့လေးနဲ့

တေးရေး/သောင်းတင်ဌေး

တေးဆို/မင်းသန်း

🎼🎼🎼🎼

....🎤

မောင့်ဘဝ ဥယာဉ်မှူးအသွင်

ချစ်တဲ့သူကို လှသောပန်းပင်

မိုးကိုကြိုကာ နွေမှာပန်းကိုပျိုး

မျှော်ကိုး၍ စိုက်ပေမဲ့လဲ

အသည်းမှာ ဖြေမရွှင်

ဂုဏ်အင်ဓန ရွက်စိမ်းမြတွေ

လောင်းရိပ်ထိုးလို့

ဥယဉ်မှူးခမြာ မျက်နှာညှိုး

မောင့်လိုအဖြစ်မျိုးပင်

မေတ္တာမဆုံတဲ့ပွဲမှာလ

သစ္စာယုံ၍လွဲပြီမို့

ဪအလှမာန်ကိုးတဲ့သူရဲ့

ဣတ္ထိရူပံ ဓနံပင်

တစ်ကယ်ပင်နွဲ့သွေးနဲ့ယဉ်

စံပယ်တင်မှဲ့လေး..နဲ့ခင်

🎼🎼🎼

.....🎤

ပက်ဝန်းကျင်ကြောက်လွန်လို့ခင်

ရင်ထဲကအမြဲ ချစ်လို့သာနေချင်

စိုက်ပျိုးမိတဲ့ အမြင့်စံမေတ္တာပန်းပင်

ဥယဉ်မှူးအချစ်နဲ့ကြေငြာခြင်

...

ဪပက်ဝန်းကျင်ကြောက်လွန်းလို့ခင်

ရင်ထဲကအမြဲ

ချစ်လို့သာနေချင်

စိုက်ပျိုးမိတဲ့

အမြင့်စံမေတ္တာပန်းပင်

ဥယဉ်မှူးအဖြစ်နဲ့ကြေငြာချင်

ဓနဂုဏ်ရစ်နွယ်ထား

သဲညှာကေသီခင်

တကယ်ပင်နွဲ့သွေးနဲ့ယဉ်

စံပယ်တင်မှဲ့လေး..နဲ့ ခင်

.....

ခနခန စိမ်းကားချင်တဲ့

မိန်းမသားကိုမှ ချစ်မိသူလိုပင်

သဇင်ညှာ..

သဇင်ညာမိုက်ကိုလ

အကြင်နာပိုက်ချစ်နေသမျှတော့

မောင့်ရဲ့ဝေတနာတစ်ခုဘဲ

ချစ်သဲလွှာမှာတင်

မောင်တို့ရဲ့ ဆုံဆည်းပုံအကြောင်း

တရံနှောင်းပြီမို့

ထောင့်တစ်ည လှပသလိုလဲ

မောင့်ဘဝသည်နှယ်

မဟုတ်ပါမေခင် မဟုတ်ပါမေခင်

နုပါးလွှာစံပယ်တင်မှဲ့ကြောင့်ပင်

အလှမာန်တွေဝင် ပန်းချီငိုရုပ်လေး

ပျောက်ဆုံးသွားတဲ့မောင်ဘဝပန်းချီဆရာအသွင်

တစ်ထောင့်တစ်ညဋီကာတွင်

ကိုယ်ပျိုးသည့်ပန်းပင်

မခူးရက်လို့ ရှက်လဲရှက်တယ်ခင်

နောက်ဆုံးနေပြောလိုက်ချင်ရဲ့

သျှောင်နောက်ဆံထုံးဆို

မောင်အကြောက်ဆုံး...သို့ပင်။

music

....🎤

ခနခန စိမ်းကားချင်တဲ့

မိန်းမသားကိုမှ ချစ်မိသူလိုပင်

သဇင်ညှာ..သဇင်ညာမိုက်ကိုလ

အကြင်နာပိုက်ချစ်နေသမျှတော့

မောင့်ရဲ့ဝေတနာတစ်ခုဘဲ

ချစ်သဲလွှာမှာတင်

မောင်တို့ရဲ့ ဆုံဆည်းပုံအကြောင်း

တရံနှောင်းပြီမို့

ထောင့်တစ်ည လှပသလိုလဲ

မောင့်ဘဝသည်နှယ်

မဟုတ်ပါမေခင် မဟုတ်ပါမေခင်

နုပါးလွှာစံပယ်တင်မှဲ့ကြောင့်ပင်

အလှမာန်တွေဝင် ပန်းချီငိုရုပ်လေး

ပျောက်ဆုံးသွားတဲ့မောင်ဘဝပန်းချီဆရာအသွင်

တစ်ထောင့်တစ်ညဋီကာအသွင်

ကိုယ်ပျိုးသည့်ပန်းပင်

မခူးရက်လို့ ရှက်လဲရှက်တယ်ခင်

နောက်ဆုံးနေပြောလိုက်ချင်ရဲ့

ယောင်နောက်ဆံထုံးဆို

မောင်အကြောက်ဆုံး...သို့ပင်

🎼🎼

......🎤

ပက်ဝန်းကျင်ကြောက်လွန်းလို့ခင်

ရင်ထဲကအမြဲ ချစ်လို့သာနေချင်

စိုက်ပျိုးမိတဲ့ အမြင့်စံမေတ္တာပန်းပင်

ဥယဉ်မှူးအချစ်နဲ့ကြေငြာခြင်

ဪပက်ဝန်းကျင်ကြောက်လွန်းလို့ခင်

ရင်ထဲကအမြဲ ချစ်လို့သာနေချင်

စိုက်ပျိုးမိတဲ့ အမြင့်စံမေတ္တာပန်းပင်

ဥယဉ်မှူးအဖြစ်နဲ့ကြေငြာချင်

...

ဓနဂုဏ်ရစ်နွယ်ထား

သဲညှာကေသီခင်

တကယ်ပင်နွဲ့သွေးနဲ့ယဉ်

စံပယ်တင်မှဲ့လေး..နဲ့ ခင်

ပြီးပါပြီ။

💃🇲🇲💃Amk.1332💃🇲🇲

Davantage de မင်းသန်း

Voir toutlogo