သီချင်း - အတ္တချစ်ခြင်း
တေးဆို - Mi Phoo & Beco
တစ်ချိန်ချိ်န်မှာ နင့်ဘေးနား မရောက်နိုင်တော့ဘူးလား
နင့်အတွက် ဘာမှ ငါက အသုံးမ၀င်တော့ဘူးလား
နင်ပြန်မလာတော့ဘူးလား ငါ့ဆီဘယ်တော့မှ
နင့်အသိစိတ်ထဲမှာ ငါဆိုတာက ရန်ငြိုးလား
ဘာတွေများ ငါအမှှားလုပ်မိလဲဟာ နင်ပြောပြခဲ့ပါတော့
ငါဆိုတာ နင့်အတွက် ခဏလူပေါ့
အကြိမ်ကြိမ်နင့်ရှေ့ ဒူးထောက်နေခဲ့တာ
နင်လုပ်ရက်ခဲ့တယ်နော် နင်ရက်စက်ခဲ့ပြီပေါ့
ကျုပ်အချစ်က သူမအတွက်တော့ အဓိပ္ပါယ်မဲ့တာမျိုး
သတိရရင်ဖုန်းဆက်ပါကွာ စိတ်ပြယ်တဲ့အခါဆို
ကျုပ်အသက်က သူမထက်ပိုသိပ်ငယ်ခဲ့တာမို့
နင့်စကားဆို နားထောင် ခေါင်းကိုညိမ့်ခဲ့ အမြဲ ဒါကို
တစ်ကနေခေါင်းစဉ်တပ်ပြီး ငါ့အပြစ်တွေကို ချပြတယ်
ဟုတ်ပါတယ်ကွာ အဲ့ကောင်နဲ့တွဲ ပြည့်စုံပြီးတော့ ဘဝလှမယ်
ငါလိုကောင် မင်းအတွက် မလိုဘူး အချိန်တန်တော့ ဒီကြားကားပဲ
ငါ့အချစ်ကို ဇာတ်ခုံပေါ်မှာ လှလှပပ ကစားပြတယ်
ရိုးရိုးကျင့်ပြီးတော့ မြင့်မြင့်ကြံ ငါနင့်ကိုချစ်ခဲ့တာ အချစ်စစ်မှန်
စေတနာထားပြီး ခိုင်းတာတွေလုပ်ခဲ့ အရာတွေမထင်ဘူး အပြစ်ဖြစ်ပြန်
ဘုရားသွားပြီး ကျောင်းတက်ကာ ငါဝတ်တွေချကာ ငါဆုတောင်းတယ်
အလွမ်းဆိုတဲ့ နတ်ဆိုးကြီးက ရင်ဘက်ကြီးကို ထုထောင်းဆဲ
ဟိုတချိန်က အရမ်းချစ်ခဲ့တဲ့ နေ့ရက်တွေကို ငါပြန်တမ်းတ
လွမ်းပြီးလျှောက်ဆဲ ငါတစ်ယောက်တည်း ရထားလမ်းမ သံလမ်းက
မောင်ရေမောင်ရေ ခေါ်ပြီးတော့ အရင်ကလို ငါ့ကို မလိုတော့ဘူးလား
ဟုတ်ပါတယ် ငါလိုကောင်က နင်ပြောခဲ့သလို အဆိုတော်ရူးပါ
နင့်အတွက်ငါက အရုပ်တစ်ရုပ်လိုမျိုးလား
တစ်ခါသုံးတဲ့ အပေါစားစက္ကူလိုမျိုးလား
နင့်အတွက် ဘာမှ အရေးကြီးတာ မရှိပါ
ငါ့နှလုံးသား အခုတော့တစ်စစီကြေမွရ
ဘာတွေများ ငါအမှှားလုပ်မိလဲဟာ နင်ပြောပြခဲ့ပါတော့
ငါဆိုတာ နင့်အတွက် ခဏလူပေါ့
အကြိမ်ကြိမ်နင့်ရှေ့ ဒူးထောက်နေခဲ့တာ
နင်လုပ်ရက်ခဲ့တယ်နော် နင်ရက်စက်ခဲ့ပြီပေါ့
နင့်အချစ်နဲ့ ငါ့အချစ် သဘောထားမတူလို့ လမ်းခွဲတယ်
နင့်ဘက်ကနေနိုင်တယ်ပေါ့ ငါ့ကိုထပ်ပြီး မလွမ်းဘဲနဲ့
ပေးခဲ့တဲ့ လက်ဆောင်လေးတွေ ထုတ်ကြည့်ပြီးလို့ ဝမ်းနည်းဆဲ
လွမ်းစရာရှိရင် နာစရာနဲ့ဖြေ နင်ငါ့အပေါ်ဆို အရမ်းဆဲတယ်
ဒီသီချင်းကိုရေးဆက်ပြီးတော့ နင့်အတွက်ကို တေးဆိုတယ်
မောင့်တစ်ယောက်တည်းချစ်တာပါဆို လမ်းခွဲပြီးတော့ ကဲဘယ်လိုလည်း
ကိုယ်ချင်းမစာ ငါ့နှလုံးသားကို ရက်ရက်စက်စက် ခွဲလိုခွဲ
တွဲခဲ့ဖူးတဲ့ ရည်းစားတိုင်းက ကျွန်တော့်အပေါ်ဆို မမြဲသလိုပဲ
ငါ့ဘက်ကအချစ်တွေပေးလည်း နင်က အမုန်းတွေ တိုးပွားတယ်
မအောင်မြင်သေးတဲ့အဆိုတော်တစ်ယောက်မို့ ရိုးသားပြီး ငါကြိုးစားတယ်
မင်းအပေါ်မှာ ငါ့လိုချစ်တဲ့လူကို ရှာကြည့် ဒီခေတ်ထဲလည်း
အမှတ်တရာအဖြစ်နဲ့ ဓာတ်ပုံရိုက်ခဲ့ ၃၆၀ B612 နဲ့
ငါ့ရဲ့အချစ်က နင့်အပေါ်မှာ သူများနဲ့မတူဘူး ထူးတော့ခြားတယ်
လက်မောင်းပေါ်မှာ ဘရိတ်ဓားနဲ့ခြစ် အဲ့တော့နင်က ရူးတာလားတဲ့
အခုချိန်မှာ မဖြစ်နိုင်တော့ဘူး နင့်အနားမှာ ဆက်နေဖို့
အချစ်ရေးမှာ ကံမကောင်းတဲ့ ငါလိုကောင်က FA မို့
ဘာတွေများ ငါအမှှားလုပ်မိလဲဟာ နင်ပြောပြခဲ့ပါတော့
ငါဆိုတာ နင့်အတွက် ခဏလူပေါ့
အကြိမ်ကြိမ်နင့်ရှေ့ ဒူးထောက်နေခဲ့တာ
နင်လုပ်ရက်ခဲ့တယ်နော် နင်ရက်စက်ခဲ့ပြီပေါ့