menu-iconlogo
huatong
huatong
avatar

ကြာရွက်ထီးကလေးအောက်မှာ

မို့မို့ဇော်ဝင်းhuatong
parmenderezhuatong
Paroles
Enregistrements
ကြာရွက်ထီးကလေးအောက်မှာ

ဆို မို့မို့ဇော်ဝင်း

မိုး.. မိုး ရွာမလိုနဲ့ညို

ဟိုတောင် ဆီတစ်ခို

လျှပ်နွယ် ဖြာဝင်း မိုးမာန်ဟုန်ပြင်း....

အဖော် ကင်းသူ ရွှေရင်မှာဖို..

မျှော် ရသူကို

လွမ်း တသက်သက်ဆွေး..တော့လို့

ကိုယ်ချင်း မစာနာ

ညှဉ်း..ညှဉ်း..ရက်သကို

မျှော် ရသူကို

လွမ်း တသက်သက်ဆွေး..တော့လို့

ကိုယ်ချင်း မစာနာ

ညှဉ်း..ညှဉ်း..ရက်သကို

သူအလာရွာလမ်းမှန်းကာကြို..

တို့နှစ်ဦးဆုံတွေ့ကြမယ့်

မြကန်သာသူရောက်လာမှ

အတိုး ချကာ အငြိုး..နဲ့ရွာပါရွှေမိုးညို..

မှတ်မိသေးပါတယ်ကွယ်

မှတ်မိသေးတယ်ငယ်ချစ်ဦးကို..

မနှစ်က၀သန်မှာဆို ခုလိုချိန်မိုး..မည်းညို

ရွှေမိုးမင်း ရယ်

အကဲတဖိုဖိုသည်း နိုင်သကို

ကြာရွက်ထီးကလေးအောက်မှာ

တို့နှစ်ကိုယ်မိုးအတူခို

မိုးမပက်ပေ..မယ့်

တိုး ဖက်လို့ အကြင်နာတွေကပို..

အခုတော့မေတစ်ယောက်တည်း

အဖော်ကွဲ မျှော် ဆဲ

ပင့်သက် ဖြာမော ရင်ထဲ..လှိုက်ဖို

သြော် ချစ်သူ လာလမ်း..

မျှော်မှန်း.. လို့ ကြို

တစ်ရွာသား..ကို

ရည်းစားထား လို့ မေ့ကိုပစ်ပယ်ပြီလားကို..

ကြာရွက်ထီးကလေးအောက်မှာ

မေတစ်ယောက်တည်း ရှိုက်ကာငို..

မိုး.. မိုး ရွာမလိုနဲ့ညို

ဟိုတောင် ဆီတစ်ခို

လျှပ်နွယ်ဖြာဝင်း မိုးမာန်ဟုန်ပြင်း....

အဖော် ကင်းသူ ရွှေရင်မှာဖို..

မျှော် ရသူကို

လွမ်း တသက်သက်ဆွေး..တော့လို့

ကိုယ်ချင်း မစာနာ

ညှဉ်း..ညှဉ်း..ရက်သကို

မျှော် ရသူကို

လွမ်း တသက်သက်ဆွေး..တော့လို့

ကိုယ်ချင်း မစာနာ

ညှဉ်း..ညှဉ်း..ရက်သကို

သူအလာရွာလမ်းမှန်းကာကြို..

တို့နှစ်ဦးဆုံတွေ့ကြမယ့်

မြကန်သာသူရောက်လာမှ

အတိုး ချကာ အငြိုး..နဲ့ရွာပါရွှေမိုးညို..

မှတ်မိသေးပါတယ်ကွယ်

မှတ်မိသေးတယ်ငယ်ချစ်ဦးကို

မနှစ်က၀သန်မှာဆို ခုလိုချိန်မိုး..မည်းညို

ရွှေမိုးမင်း ရယ် အကဲတဖိုဖိုသည်းနိုင်သကို

ကြာရွက်ထီးကလေးအောက်မှာ

တို့နှစ်ကိုယ် မိုး အတူခို

မိုးမပက်ပေ..မယ့်

တိုး ဖက်လို့ အကြင်နာတွေကပို

အခုတော့မေတစ်ယောက်တည်း

အဖော်ကွဲ မျှော် ဆဲ

ပင့်သက် ဖြာမော ရင်ထဲ..လှိုက်ဖို

သြော် ချစ်သူလာလမ်း..

မျှော်မှန်း..လို့ ကြို

တစ်ရွာသား..ကို

ရည်းစားထား လို့ မေ့ကိုပစ်ပယ်ပြီလားကို..

ကြာရွက်ထီးကလေးအောက်မှာ

မေတစ်ယောက်တည်း..ရှိုက်ကာ..ငို..

Davantage de မို့မို့ဇော်ဝင်း

Voir toutlogo