menu-iconlogo
huatong
huatong
avatar

စန္ဒကိန္နရီ

မေသက်ထားဆွေhuatong
💃🇲🇲💃minKhent💃🇲🇲💃huatong
Paroles
Enregistrements
စန္ဒကိန္နရီ

တေးရေး - သဟာယဆရာတင်

တေးဆို - မေသက်ထားဆွေ

>>>>Intro

go

ဂန္ဓမာ စန္ဒာတောင်

စုံ မြိုင် တန်းးးမှာ

ဖူးးပွင့် ကြတဲ့ ပန်း မာလာ

သင်း... ရနံ့က ဖြာ

ငှက်ပေါင်းရယ် သာရကာ

သံစာစာနဲ့ ....မြူးထူးပျော်ကြ..ရှာ

မြောင်ဖီလာ သီတာစွေသွန် ရေတံခွန်ဖြာ

မြ အသွေးရယ် ကြည်လင်စွာ

ခွေကာရစ်လည် မြစ်နဒီစန္ဒပါ

သဲ ...ဗွေ သောင်ယံဦးမှာ

စန္ဒာစန္ဒီ ကိန္နရီတို့မှာ

ပန်းပေါင်းထွေထွေ ပြာရွှေ နီဝါ

ဆင်မြန်းကာပဲ ကခုန်မြူးရှာ

နန်းမူ နန်းရာ ဆန်းးးလှတာ

ရွှေလည်တွဲလို့ ချစ်ပွဲခံကာပျော်ကြရှာ

go

လှမ်းလှမ်း..ပ

မြန်းစို့ကိန္နရီ.. ကိန္နရာတူမကွာ

တွဲကာနွှဲကာ ၀ဲကာပျံကြ

တွဲကာနွှဲကာ ၀ဲကာပျံကြ

ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ

ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ

ဖိုမသံ ခေါ်ထူးလို့သာ

ငွေသောင်ယံ ရွှေတောင်ပံ

မခွဲရက်အောင် နွှဲယှက်ပျော်တာ

ထိုစဉ်အခါ ဗာရာသနင်း

မင်းဗြဟ္မဒတ် ဘုရင်ရာဇာ

ဖော်မပါ တစ်ကိုတည်းသာ

လေးတော်ထမ်းကာ

မြိုင်တန်းဟေမဝါ

ရောက်လို့လာတာ

ကိန္နရီ ကိန္နရာ နှစ်ဖော်ကြင်ရာ

ပျော်ရွှင်နေတာ မြင်လိုက် တော့ကာ

မင်းဘုရင် အတင်းပင်

မြိုင်နန်းသူကိန္နရီ ဒေ၀ီခင်ရဲ့အပေါ်

မေတ္တာတော် မျှ..ဖို့ကြံကာ

သူ့လင်သက်​ဝေချစ်သူဆွေကို

ဇီ၀ိန်ကြွေအောင် စိန်စက်မြှားနဲ့

တအားပဲပစ်ကာ

သနားမညှာမင်းဗြဟ္မဒတ်ရာဇာ

သြော်..ငွေမှုန် ကြဲ.. သဲသောင်ယံမှာ

လောင်းမြတ်ကိန္နရာ...

အို.. ..မြှားနဲ့..ခွင်း.. ပါလို့

ချစ်မယားမှာ သောက.... ဖြာ...

စီးကျ မျက်ရည်ထွေထွေ

လင်ရွှေတုံး ဂမုန်း..မယ့်သက်လျာ

အို.. ဆုံးးးပေါ့တစ်ခါ

အသည်းအူ.. ပူအောင်ဖန်လို့လာ

ပွေ့ယူ ရင်ခွင်ထဲမှာ

ငိုမစဲ.. ရှိုက်ငင်သည်းထန်စွာ...

>>>>>>>>>

go

ဒီအခါတွင် ဗြဟ္မဒတ်ဘုရင်မင်း

မျက်နှာချိုသွင်းးကာ

ချစ်စကားပြောဖို့ အနားကိုကပ်ကာ

ပျိုကိန္နရီ မောင်ဖုရားကိုသနားးပါ

မေတ္တာတော်မျှပါ

မိဖုရားတော်မြှောက်ကာ

လက်ယာထားမှာ

ရက်စက်စွာပြောသော်လည်း

ချစ်လင်ကလွဲ ဖွဲဆန်ကွဲထင်တာ

ရက်စက်စွာ ပြောသော်လည်း..

ချစ်လင်ကလွဲ ဖွဲဆန်ကွဲထင်တာ

အတင်း.. ငြင်း..

မချစ်နိုင်ပါ... သေး ပေမယ့်လည်း

မခြဲခွာဘူး မယ့်ချစ်ဦးသာ

သစ္စာဆို.. တိုင်တည်ထား

သိကြား မကာ အသက်ရှင်လာ

ပျော်မြူးစွာ ကိန္နရီကိန္နရာ

မောင်မယ်ချစ်ကြောင်း

နှစ်ပေါင်းတစ်ထောင်ပင်.. ကြာ...။

minKhent

Davantage de မေသက်ထားဆွေ

Voir toutlogo