menu-iconlogo
huatong
huatong
avatar

နားခိုရာ

မျိုးကြီးhuatong
rewillimshuatong
Paroles
Enregistrements
နားခိုရာ

ဟူး............

လေနှင်ရာခရီးပဲ မင်းပျံသန်း

အမှောင်တွေထဲထိ ဇွတ်ဝင်မလား

လေဟုန်စီးရင်း ဝေးနေဆဲ

ကြွေလွင့်သွားမယ့်နေ့တွေလည်း

ဒဏ်ရာများနဲ့ ဖြတ်ကျော်ဆဲ

ပြန်လာခဲ့ဖို့ သင့်ပြီမို့

အေးရိပ်တစ်ခုမှာ

ခိုနားခွင့် ရခဲ့ချင်လည်း

အေးမြရိပ်ဘယ်မှာရှိမလဲ

တကယ်ဆို မင်းအနီးနား ရှိပြီးသားပါပဲ

ခိုဝင်ကာ မှေးစက်တော့

သခင့်အေးရိပ်လေးထဲ ၀ိုး

ဝေးလွင့်ငှက်ငယ်

အတောင်ညောင်းလည်း

မင်းဆက်ပြန်ဆဲ

မိုးချုပ်လုပြီ

အချိန်လေး မနှောင်းခင်

လှည့်ပြန်ခဲ့

ဟူး.........

လေနှင်ရာခရီးပဲ မင်းပျံသန်း

အမှောင်တွေထဲထိ ဇွတ်ဝင်မလား

လေဟုန်စီးရင်း ဝေးနေဆဲ

ကြွေလွင့်သွားမယ့်နေ့တွေလည်း

ဒဏ်ရာများနဲ့ ဖြတ်ကျော်ဆဲ

ပြန်လာခဲ့ဖို့ သင့်ပြီလို့

အေးရိပ်တစ်ခုမှာ

ခိုနားခွင့် ရခဲ့ချင်လည်း

အေးမြရိပ်ဘယ်မှာရှိမလဲ

တကယ်ဆို မင်းအနီးနား ရှိပြီးသားပါပဲ

ခိုဝင်ကာ မှေးစက်တော့

သခင့်အေးရိပ်လေးထဲ ၀ိုး

ဝေးလွင့်ငှက်ငယ်

အတောင်ညောင်းလည်း

မင်းဆက်ပြန်ဆဲ

မိုးချုပ်လုပြီ

အချိန်လေး မနှောင်းခင်

လှည့်ပြန်ခဲ့

ဝေးလွင့်ငှက်ငယ်

အတောင်ညောင်းလည်း

မင်းဆက်ပြန်ဆဲ

မိုးချုပ်လုပြီ

အချိန်လေး မနှောင်းခင်

လှည့်ပြန်ခဲ့

ဟူး... ဟူး ...

Davantage de မျိုးကြီး

Voir toutlogo