menu-iconlogo
huatong
huatong
avatar

မင်းမရှိတဲ့​နေရာ

မျိုးကျော့မြိုင်huatong
🐧Rocker.Lay🐧🎪huatong
Paroles
Enregistrements
မင်းမရှိတဲ့နေရာ

နေ့နဲ့ညတွေများစွာ

တစ်နေ့ထက်တစ်နေ့အိုမင်းလာ

မင်းရဲ့မျက်နှာလေးကို

မတွေ့ရတော့တဲ့နောက်မှာ

မှားလဲမှားပါစေကိုယ့်မှာ

အေးအေးပဲနေတတ်လာ

မင်းရဲ့စကားသံလေးတွေ

မကြားရတော့တဲ့နောက်မှာ

ရင်ထဲမောနေပါပြီ

တစ်ရက်ပြီးတစ်ရက်တကယ်အကြာကြီး

အတူရှိဖို့ဒီဘဝခရီး

ခက်ခဲလွန်းနေပါပြီ

အတူရှိခဲ့တဲ့အချိန်တွေဆီ

တကယ်အောက်မေ့နေပါပြီ...

မင်းမရှိတဲ့နေရာ..

မင်းရဲ့အဝေးမှာ...

ကိုယ့်ခြေထောက်တွေ

ဘယ်ကိုခရီးဆက်လို့သွား...

မင်းနဲ့ဝေးရင်

အရာရာအမှားကြီးမှားနေ

ကိုယ့်ရဲ့အတွေးတွေ

လည်နေဝိုးတိုးဝါးတား...

နေ့ဟောင်းများလဲကျော်ဖြတ်လာ

ညများလဲရှင်သန်လို့သာ

မိုင်ပေါင်းကဘယ်လောက်ပင်ဝေးကွာ...

အိပ်မက်နဲ့အသက်ရှင်ခဲ့တာ

ခက်ခဲတဲ့အချစ်တွေနဲ့သာ

ကိုယ်တို့နှစ်ယောက်ဘဝတွေဝေးကွာ

တစ်နေ့တော့တွေ့ရဦးမှာ

စိတ်ကူးနဲ့ရူးတဲ့ကိုယ့်ကမ္ဘာ

သူ့နားရှိချင်ပါပြီ

အင်အားများဝေမျှပြီး

အတူရှိမယ့်အချိန်တွေဆီ

တကယ်တမ်းတမျှော်လင့်ပြီး

တစ်ရောက်တည်းမောနေပါပြီ

ရင်ထဲမောနေပါပြီ.....

မင်းမရှိတဲ့နေရာ..

မင်းရဲ့အဝေးမှာ...

ကိုယ့်ခြေထောက်တွေ

ဘယ်ကိုခရီးဆကိလို့သွား..

မင်းနဲ့ဝေးရင်

ကိုယ်ဟာအမှားကြီးမှားနေ

ကိုယ့်ရဲ့အတွေးတွေ

လည်နေဝိုးတိုးဝါးတား...

မနက်တို့ရောက်မဲ့အချိန်တိုင်း

နှုတ်ဆက်ရတော့မယ့်ညတိုင်း

အိပ်မက်ထဲကလန့်နိုး

ကိုယ်လေမင်းနဖူးလေးကိုနမ်းလို့......

မင်းမရှိတဲ့နေရာ..

မင်းရဲ့အဝေးမှာ...

ကိုယ့်ခြေထောက်တွေ

ဘယ်ကိုခရီးဆကိလို့သွား..

မင်းနဲ့ဝေးရင်

ကိုယ်ဟာအမှားကြီးမှားနေ

ကိုယ့်ရဲ့အတွေးတွေ

လည်နေဝိုးတိုးဝါးတား...

ဘယ်ကိုခရီးဆက်လို့သွား....

မင်းနဲ့ဝေးရင်

ကိုယ်ဟာအမှားကြီးမှားနေ

ကိုယ့်ရဲ့အတွေးတွေ

လည်နေဝိုးတိုးဝါးတား...

Davantage de မျိုးကျော့မြိုင်

Voir toutlogo
မင်းမရှိတဲ့​နေရာ par မျိုးကျော့မြိုင် - Paroles et Couvertures