menu-iconlogo
huatong
huatong
avatar

မင်းမရှိတဲ့နေရာ

မျိုးကျော့မြိုင်huatong
kohmcordonhuatong
Paroles
Enregistrements
သီချင်း : မင်းမရှိတဲ့နေရာ

တေးဆို : မျိုးကျော့မြိုင်

နေ့နဲ့ညတွေများစွာတစ်နေ့ထက်တစ်နေ့အိုမင်းလာ

မင်းရဲ့မျက်နှာလေးကိုမတွေ့ရတော့တဲ့နောက်မှာ

မှားလဲမှားပါစေကိုယ့်မှာအေးအေးပဲနေတတ်လာ

မင်းရဲ့စကားသံလေးတွေမကြားရတော့တဲ့နောက်မှာ

ရင်ထဲမောနေပါပြီတစ်ရက်ပြီးတစ်ရက်တကယ်အကြာကြီး

အတူရှိဖို့ဒီဘဝခရီးခက်ခဲလွန်းနေပါပြီ

အတူရှိခဲ့တဲ့အချိန်တွေဆီတကယ်အောက်မေ့နေပါပြီ...

မင်းမရှိတဲ့နေရာ..မင်းရဲ့အဝေးမှာ...

ကိုယ့်ခြေထောက်တွေဘယ်ကိုခရီးဆက်လို့သွား...

မင်းနဲ့ဝေးရင်အရာရာအမှားကြီးမှားနေ

ကိုယ့်ရဲ့အတွေးတွေလည်နေဝိုးတိုးဝါးတား...

နေ့ဟောင်းများလဲကျော်ဖြတ်လာ

ညများလဲရှင်သန်လို့သာ

မိုင်ပေါင်းကဘယ်လောက်ပင်ဝေးကွာ...

အိပ်မက်နဲ့အသက်ရှင်ခဲ့တာခက်ခဲတဲ့အချစ်တွေနဲ့သာ

ကိုယ်တို့နှစ်ယောက်ဘဝတွေဝေးကွာ

တစ်နေ့တော့တွေ့ရဦးမှာစိတ်ကူးနဲ့ရူးတဲ့ကိုယ့်ကမ္ဘာ

သူ့နားရှိချင်ပါပြီအင်အားများဝေမျှပြီး

အတူရှိမယ့်အချိန်တွေဆီတကယ်တမ်းတမျှော်လင့်ပြီး

တစ်ယောက်တည်းမောနေပါပြီရင်ထဲမောနေပါပြီ.....

မင်းမရှိတဲ့နေရာ..မင်းရဲ့အဝေးမှာ...

ကိုယ့်ခြေထောက်တွေဘယ်ကိုခရီးဆက်လို့သွား..

မင်းနဲ့ဝေးရင်ကိုယ်ဟာအမှားကြီးမှားနေ

ကိုယ့်ရဲ့အတွေးတွေလည်နေဝိုးတိုးဝါးတား...

မနက်တို့ရောက်မဲ့အချိန်တိုင်း

နှုတ်ဆက်ရတော့မယ့်ညတိုင်းအိပ်မက်ထဲကလန့်နိုး

ကိုယ်လေမင်းနဖူးလေးကိုနမ်းလို့......

မင်းမရှိတဲ့နေရာ..မင်းရဲ့အဝေးမှာ...

ကိုယ့်ခြေထောက်တွေဘယ်ကိုခရီးဆက်လို့သွား..

မင်းနဲ့ဝေးရင်ကိုယ်ဟာအမှားကြီးမှားနေ

ကိုယ့်ရဲ့အတွေးတွေလည်နေဝိုးတိုးဝါးတား...

ဘယ်ကိုခရီးဆက်လို့သွား....

မင်းနဲ့ဝေးရင်ကိုယ်ဟာအမှားကြီးမှားနေ

ကိုယ့်ရဲ့အတွေးတွေလည်နေဝိုးတိုးဝါးတား...

Davantage de မျိုးကျော့မြိုင်

Voir toutlogo
မင်းမရှိတဲ့နေရာ par မျိုးကျော့မြိုင် - Paroles et Couvertures