အချစ်ကံခေတဲ့ဘဝ
မွန်ရင်သွေး
ººººººº
အချစ်ရေ နင့်အကြောင်းတွေးတော့
အသည်းထဲကမေ့လို့မရဘူး
မဖြစ်နိုင်တော့လို့ အကြောင်းမရှိပဲ
ထားသွားတာလား
အချစ်အတွက်နဲ့ အိပ်မရဘူးလေ
နင့်ကိုအချိန်တိုင်းလွမ်းနေ
ငါ့မှာ အချိန်တိုင်း အရူးတစ်ပိုင်းလေ
ဘဝသမားမို့ ငါအသည်းကို
လှည့်စားတာလား
နင်လေတနေ့နေ့တော့
ငါ့အချစ်မျိုး နားလည်လာမယ်
မချစ်နိုင်ရင်အစကတည်းပြောပါလား
အခုကျမှရက်စက်သွားတယ်လေ..
သြော်..အချစ်ရေ့ နင့်ကိုလေမေ့လို့မရဘူး
နေ့နဲ့ညနင့်အကြောင်းပဲလေ
အချိန်တိုင်း အမြဲတွေးနေမိနေ
ဟိုး..တစ်ချိန်ကနင်လေပြောထားဖူးတယ်နော်
နင်အချစ်များကို ငါအတွက်ပဲ
ပုံအပ်ထားတယ်ဆို..
အခုကျတော့နင်လေရှောင်ဖယ်
အဝေးဆုံးကို ထွက်ပြေးသွားရက်တယ်
ရင်မှာမေ့မရဘူး
ချစ်ရတဲ့ အချစ်ဆုံးရယ်
အကြောင်းမလှတဲ့ ငါ့ဘဝအချစ်ကံ
အချစ်ပေးတိုင်းချစ်ခွင့်မရတာ
ငါလေနားလည်ပါပြီလေ
သြော်..အခုအဖြစ်မျိုးတော့
နောင်ဘဝတော့ ထပ်မကြုံပါရစေလေ..
°°°°°°°
အချစ်ရေ နင့်အကြောင်းတွေးတော့
အသည်းထဲကမေ့လို့မရဘူး
မဖြစ်နိုင်တော့လို့ အကြောင်းမရှိပဲ
ထားသွားတာလား
အချစ်အတွက်နဲ့ အိပ်မရဘူးလေ
နင့်ကိုအချိန်တိုင်းလွမ်းနေ
ငါ့မှာ အချိန်တိုင်း အရူးတစ်ပိုင်းလေ
ဘဝသမားမို့ ငါအသည်းကို
လှည့်စားတာလား
နင်လေတနေ့နေ့တော့
ငါ့အချစ်မျိုး နားလည်လာမယ်
မချစ်နိုင်ရင်အစကတည်းပြောပါလား
အခုကျမှရက်စက်သွားတယ်လေ..
သြော်..အချစ်ရေ့ နင့်ကိုလေမေ့လို့မရဘူး
နေ့နဲ့ညနင့်အကြောင်းပဲလေ
အချိန်တိုင်း အမြဲတွေးနေမိနေ
ဟိုး..တစ်ချိန်ကနင်လေပြောထားဖူးတယ်နော်
နင်အချစ်များကို ငါအတွက်ပဲ
ပုံအပ်ထားတယ်ဆို..
အခုကျတော့နင်လေရှောင်ဖယ်
အဝေးဆုံးကို ထွက်ပြေးသွားရက်တယ်
ရင်မှာမေ့မရဘူး
ချစ်ရတဲ့ အချစ်ဆုံးရယ်
အကြောင်းမလှတဲ့ ငါ့ဘဝအချစ်ကံ
အချစ်ပေးတိုင်းချစ်ခွင့်မရတာ
ငါလေနားလည်ပါပြီလေ
သြော်..အခုအဖြစ်မျိုးတော့
နောင်ဘဝတော့ ထပ်မကြုံပါရစေလေ..
?ကိုယ်စိတ်နှဖြာကျန်းမာကျပါစေရှင့်?