menu-iconlogo
huatong
huatong
avatar

နှင်းဆီ

ယုဇနhuatong
nora_rezahuatong
Paroles
Enregistrements
နှင်းဆီ

upload ဆောင်းနှင်းဖြူ

အနီရောင်အဆင်းခြယ်တဲ့

နှင်းဆီ နှင်းဆီ

လေယူရာတိုင်းမွှေး..

လူတိုင်းကခူးချင်တာ

နှင်းဆီ နှင်းဆီ

နာမည်ဒီပန်းကလေး..

ရင်မှာစွဲလန်းသွားအောင်လှ

မွှေးသောရနံ့ကညှို့နေတယ်

ပန်းကလေးမြင်သူတွေဟာ

ခြွေယူကာခူးချင်..

မာယာများရဲ့နောက်ကွယ်မှာ

ဆူးများထက်မြက်လှပါတယ်

ခူးဖို့လွယ်မယ်ထင်ရင်

ခြွေယူစမ်းပါကွယ်...

ဆူးကလေးများမရှိရင်တစ်ကယ်မလွယ်ဘူး

နှင်းဆီ နှင်းဆီ

လိုချင်သူတို့လည်းဝိုင်း..

အလှဆုံးသောပန်းငယ်ရဲ့ဘဝမှာ

ဆူးများခြံရံမှ

ခိုင်မြဲတဲ့အလှရှင်သန်မယ်...

အနီရောင်နှင်းဆီမှာ အိုးဟို အိုးဟို

ကိုယ်လေရင်ထဲစွဲ..

ခွန်အားရဲ့အသွေးအရောင်ကို

အိုးဟို အိုးဟို

အနီပါတင်စားမြဲ..

ရောင်စုံပန်းများအလယ်က

ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ရင်ကွယ်

ဆူးများခြံရံနေတဲ့အနီရောင်ဒီနှင်းဆီ

ကိုယ်လေအားကျမိပါတယ်

ရဲရဲတောက်ပအလှကိုကွယ်

ဆူးများခြံရံကွယ်ကာပိုင်ဆိုင်ထားချင်တယ်

ဆူးကလေးများမရှိရင်တစ်ကယ်မလွယ်ဘူး

နှင်းဆီ နှင်းဆီ

လိုချင်သူတို့လည်းဝိုင်း..

အလှဆုံးသောပန်းငယ်ရဲ့ဘဝမှာ

ဆူးများခြံရံမှ

ခိုင်မြဲတဲ့အလှရှင်သန်မယ်...

ဆူးကလေးများစူးတာခံနိုင်မလား

အိုးဟို အိုးဟို

ကြိုတင်ကာစိတ်ကူးထား..

ဆွတ်ခူးသောပန်းငယ်ရဲ့အလှကို

ဆူးစူးခံနိုင်မှ

ရည်မှန်းလျှောက်ခဲ့ပါနော်ကွယ်...

ဆူးကလေးများမရှိရင်တစ်ကယ်မလွယ်ဘူး

နှင်းဆီ နှင်းဆီ

လိုချင်သူတို့လည်းဝိုင်း..

အလှဆုံးသောပန်းငယ်ရဲ့ဘဝမှာ

ဆူးများခြံရံမှ

ခိုင်မြဲတဲ့အလှရှင်သန်မယ်...

ဆူးကလေးများစူးဒဏ်ခံနိုင်မလား

အိုးဟို အိုးဟို

ကြိုတင်ကာစိတ်ကူးထား..

ဆွတ်ခူးသောပန်းငယ်ရဲ့အလှကို

ဆူးစူးခံနိုင်မှ

ရည်မှန်းလျှောက်ခဲ့ပါနော်ကွယ်...

ဆူးကလေးများမရှိရင်တစ်ကယ်မလွယ်ဘူး

နှင်းဆီ နှင်းဆီ

လိုချင်သူတို့လည်းဝိုင်း..

အလှဆုံးသောပန်းငယ်ရဲ့ဘဝမှာ

ဆူးများခြံရံမှ

ခိုင်မြဲတဲ့အလှရှင်သန်မယ်...

Davantage de ယုဇန

Voir toutlogo