သီချင်း - ကိုကိုစိတ်ကူးယဉ်
တေးဆို - ရေဗက္ကာ၀င်း
လမ်းဘေးနားက
အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီးတူးတီး
ကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ်
သခင်လေးပါကွယ်
ဟိုတယ်မှာကိုကာကိုလာသောက်ဖို့သူခေါ်တယ်
ကားတိုးစီးဖို့ဝါသနာသူ့မှာပါမလာဘူး
မွန်းကြပ်လွန်းတဲ့
အမြန်ယာဉ်နှစ်ဆယ်တန်မစီးချင်ဘူး
မာစီတီးပေါ်ဝယ်ဇိမ်နဲ့နေမယ်
ရင်ပူလာရင်ဘီယာဆိုင်နားသွားစို့လား
ကိုကိုစိတ်ကူး
အဆီအငေါ်တွေမတည်နို့င်
ရည်ရွယ်ချက်များ
အတွေးကမ်ဘာထဲမှာလည်
ထီထိုးသော်လည်း
ကံတရားမကယ်တယ်
ကျုထရံကာနေအိမ်မှာအမိုးများမလုံပါတယ်
ကမ်ဘာကျော်စိတ်ကူး
ပညာတွေမတတ်နိုင်
ဗေဒင်ဆရာများဈေးတွေမြင့်လာပြီ
ကံတရားမှိန်မှိန်
ဗိုက်ကလေးပိန်ပိန်
ဇာတာရှင်ရယ်
မလွန်ခင်ရှင်သူဌေးဖြစ်ပါ့မလား
အကုန်လုံးကူးတဲ့စိတ်ကူး
ကြံကြံဖန်ဖန်လူတိုင်းကတော့ကြွားတယ်
မှန်မှန်ကန်ကန်လုပ်ပြီးပြောဖို့ကြောက်တယ်
ဟန်ဆောင်နေရင်တစ်ချိန်ချိိ်န်
အကုန်လုံးကျွတ်ကျနိုင်ပါတယ်
ဦးနှောက်ထဲရောက်ရောက်မလာတဲ့
အမှန်တရားတွေ
အားလုံးယုံပြီးပုံခဲ့မိတဲ့အမှန်တရားတွေ
ရေသာခိုကာအချောင်လိုက်ကြတော့
လွယ်လွယ်ကူကူယောင်လိုက်ကြတော့
ရေရှည်မလွယ်တဲ့အဖြစ်
မင်းတို့ရေရှည်မလွယ်တဲ့အဖြစ်
လမ်းဘေးနားက
အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီးတူးတီး
ကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ်
သခင်လေးပါကွယ်
ရင်ပူလာရင်ဘီယာဆိုင်နားသွားစို့လား
ကိုကိုစိတ်ကူး
အဆီအငေါ်တွေမတည်နို့င်
ရည်ရွယ်ချက်များ
အတွေးကမ်ဘာထဲမှာလည်
ထီထိုးတော့လည်း
ကံတရားမကယ်တယ်
ကျုထရံကာနေအိမ်မှာအမိုးများမလုံပါတယ်
ကမ်ဘာကျော်စိတ်ကူး
ပညာတွေမတတ်နိုင်
ဗေဒင်ဆရာများဈေးတွေမြင့်လာပြီ
ကံတရားမှိန်မှိန်
ဗိုက်ကလေးပိန်ပိန်
ဇာတာရှင်ရယ်
မလွန်ခင်ရှင်သူဌေးဖြစ်ပါ့မလား
လမ်းဘေးနားက
အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီးတူးတီး
ကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ်
သခင်လေးပါကွယ်
ရင်ပူလာရင်ဘီယာဆိုင်နားသွားစို့လား
ဇာတာရှင်ရယ်မလွန်ခင်
ရှင်သူဌေးဖြစ်ပါ့မလား