သီချင်း - ဒဏ်ရာဆိုတာအချစ်
တေးဆို - Rebecca Win
မိုးစက်လေး မိုးစက်လေးများ
အလိုက်တသိနဲ့ သွန်းဖြိုးပေးပါ
မျှော်နေဆဲ မျှော်နေဆဲပါ
နွေရာသီမှာ အလွမ်းနေ့များ
နှလုံးသားလေး နှလုံးသားလေးလား
မင်းမရှိတော့ ခြောက်ကပ်တဲ့ ကမ္ဘာ
ဝေပါအုံး ကြွေပါအုံးလား အကြင်နာတွေကို လွမ်းနေတာ
အရင်လိုသာယာတဲ့တို့ဘဝ ဘယ်သူဝင်လာဖျက်ဆီးသွား
နာကျင်နေ့ရက်တွေမှာ မင်းအချစ်ကိုရှာ တွေ့ခွင့်ပေးပါအုံးလား အိုး
အဝေးဆုံးပဲ အဝေးဆုံးပဲလား
ထားရစ်ခဲ့နွေရက်များကြား
မျှော်လင့်ဆဲ ကြင်နာဆဲပါ
ဒဏ်ရာဆိုတာအချစ်တွေလား
ဒဏ်ရာတွေကို ချစ်နေမှာ