လက်လွှတ်ခဲ့သူ
တေးရေး -
တေးဆို - ရေဗက္ကာဝင်း
မိုးသားများထက် မင်းလေးကဆင့်ခေါ်ယူနိုင်
အချစ်လေး
ဒီမြေပြင်လမ်းများ ကြမ်းသည့်တိုင်
နိမ့်နိမ့်မြင့်မြင့် အားလုံးအားလုံးတို့ရင်ဆိုင်
မင်းကမ်းတဲ့လက်ကို တို့ကလှမ်းဆုပ်ကိုင်
ခိုင်ခိုင်မာမာ တွဲခဲ့လက်တွေ
မြဲဖို့သင့်ပေမယ့်
အဘယ်ကံကြမ္မာနတ်ဆိုး
တို့ရဲ့ရင်တစ်စုံကို ရိုက်ချိုး
ခေါ်မယ် ခေါ်မယ်နဲ့ လက်လွှတ်ခဲ့သူ
သဘောထားပြောင်းပြီလေ
ယုံယုံကြည်ကြည်နဲ့ လက်ကမ်းမိသူ
အမှားကြီးမှားပြီဟေ့
မင်းလက်ချောင်းလေးများရဲ့
နူးညံ့မှုနဲ့ နွေးထွေးမှုတို့
ခုတော့ တို့မပိုင်ဆိုင်
အချစ်ရေ စိတ်မကောင်းဘူး
လက်လွှတ်ခဲ့သူ
အနားနားရောက်ရှိပြီးမှ ဝေး
လမ်းတစ်ဝက်လောက်မှာ လက်တွဲဖြုတ်သူ
မင်းလက်ထဲကတို့ဘဝလေး လက်လွှတ်ခဲ့သူ
ပြီးဆုံးသွားတဲ့ အိပ်မက်တို့ထပ်မလာဘူး
တစ်ရေးနိုးညတွေ ဆက်လက်အိပ်မပျော်နိုင်
စွဲလမ်းတတ်တဲ့စိတ်ဓာတ်တော့ မစွန့်နိုင်ဘူး
အသည်းလေးကွဲတောင် ဂရုမစိုက်ဆက်မိုက်မယ်
ရင်ခုန်သံမှာ မျက်စိမှိတ်
လက်လှမ်းဆုပ်မိသူလေး
ဝေဒနာတွေသာ ရင်မှာပိုက်
လောကအလယ်မှာ တစ်ကိုယ်တော်ဆွေး
ခေါ်မယ် ခေါ်မယ်နဲ့ လက်လွှတ်ခဲ့သူ
သဘောထားပြောင်းပြီလေ
ယုံယုံကြည်ကြည်နဲ့ လက်ကမ်းမိသူ
အမှားကြီးမှားပြီဟေ့
မင်းလက်ချောင်းလေးများရဲ့
နူးညံ့မှုနဲ့ နွေးထွေးမှုတို့
ခုတော့ တို့မပိုင်ဆိုင်
အချစ်ရေ စိတ်မကောင်းဘူး
လက်လွှတ်ခဲ့သူ
အနားနားရောက်ရှိပြီးမှ ဝေး
လမ်းတစ်ဝက်လောက်မှာ လက်တွဲဖြုတ်သူ
မင်းလက်ထဲကတို့ဘဝလေး လက်လွှတ်ခဲ့သူ
လက်တွဲခဲ့ဖူးတဲ့နေ့တွေအလွန်
အဆိပ်သင့်ခဲ့ပြီ ဒီအချိန်တွေ
တို့ဘဝရဲ့ ဆောင်တည်ရာကိုရှာလို့မတွေ့ ဟိုး..
ခေါ်မယ် ခေါ်မယ်နဲ့ လက်လွှတ်ခဲ့သူ
သဘောထားပြောင်းပြီလေ
ယုံယုံကြည်ကြည်နဲ့ လက်ကမ်းမိသူ
အမှားကြီးမှားပြီဟေ့
မင်းလက်ချောင်းလေးများရဲ့
နူးညံ့မှုနဲ့ နွေးထွေးမှုတို့
ခုတော့ တို့မပိုင်ဆိုင်
အချစ်ရေ စိတ်မကောင်းဘူး
လက်လွှတ်ခဲ့သူ
အနားနားရောက်ရှိပြီးမှ ဝေး
လမ်းတစ်ဝက်လောက်မှာ လက်တွဲဖြုတ်သူ
မင်းလက်ထဲကတို့ဘဝလေး လက်လွှတ်ခဲ့သူ
တွဲလက်ဖြုတ်ပြီးပြေး .. ဟေး ..
အနားနားရောက်ရှိပြီးမှ ဝေး
လမ်းတစ်ဝက်လောက်မှာမဆုံနိုင်တော့ဘူး ဟိုး ..
လက်လွှတ်ခဲ့သူ ..