menu-iconlogo
huatong
huatong
avatar

လွမ်u200bးမမ ပန်u200bးမမ

ရဲမြင့်မြတ်huatong
pais1907huatong
Paroles
Enregistrements
တေးဆို ရဲမြင့်မြတ်

ပန်းကလေးတွေလို လှပပေမယ့်

ပန်းဆိုရင် မပန်ချင်ဘူးတဲ့

ပန်းဆိုရင် မပန်ချင်ဘူးတဲ့

ပန်းမကြိုက်တဲ့ မောင့်ပန်းမမရယ်

သြော် ပန်းမမရယ်

ပန်းကလေးတွေလို လှပပေမယ့်

ပန်းဆိုရင် မပန်ချင်ဘူးတဲ့

ပန်းဆိုရင် မပန်ချင်ဘူးတဲ့

ပန်းမကြိုက်တဲ့ မောင့်ပန်းမမရယ်

သြော် ပန်းမမရယ်

ပန်းနိမိတ်ကို ကြောက်လို့လား

ပန်းလိုကြွေမှာ စိုးလို့လား

ပန်းလိုမွှေးတဲ့ အချစ်ကလေးတွေကို

ပန်းလိုညှိုးလို့ ပန်းလိုကြွေမှာ

စိုးထိတ်လို့ မ၀ံ့ရဲလေသလား

ထွေပြားစိတ်ဝယ်

ချစ်နိမိတ်ပန်းကလေး မပေးရဲသူ

တိတ်တခိုးချစ်တဲ့ ဒီကောင်လေးဘဝ

ချစ်အရိပ်ဘယ်ကစရပါ့မယ်

ချစ်ခွန်းဘယ်လိုခြွေရမလဲ

ပန်းလိုလှတဲ့ မောင့်ပန်း မမရယ်

အလွမ်းပြေစကားတောင် မပြောလိုက်ရဘူးကွယ်

ပန်းတွေကြားကပန်းမမချော

ပန်းကလေးတွေကြား အိပ်စက်နား

ပန်းကလေးတွေကြား အိပ်စက်နား

ဘ၀ခြားခဲ့ပြီကွယ် ပန်းနဲ့ ချစ်သူ

ဘယ်သူကလှတယ် ဝေခွဲမရဘူးကွယ်

ရွှေသည်းကြေကွဲ မျက်ရည်ဝဲလည်လည်

ရွှေသည်းကြေကွဲ မျက်ရည်ဝဲလည်လည်

ရွှေသည်းကြေကွဲ မျက်ရည်ဝဲလည်လည်

ရွှေသည်းကြေကွဲ မျက်ရည်ဝဲလည်လည်

သြော် အလွမ်းမမ ပန်းမမရယ်

မမပန်းမကြိုက်မှန်း သိတဲ့ကောင်လေး

ပူဆွေးကြေကွဲ ဖြေလည်းမရပြီကွယ်

ခွင့်လွှတ်ပါ့ ပန်းမမရယ်

နောက်ဆုံးလက်ဆောင် ပန်းစည်းကလေးထဲမှာ

မပြောဖြစ်ခဲ့တဲ့ ချစ်စကားလေးတွေ

အစီအရီထည့်လို့ နှုတ်ဆက်ပါရစေ ပန်းမမရယ်

သြော် ဒီဘ၀ဒီအမျှနဲ့ပဲ

ခွဲခဲ့ပြီ ဝေးခဲ့ပြီ

ဝေးခဲ့ပြီ ခွဲခဲ့ပြီ

အလွမ်းမမ ပန်းမမရယ်

အလွမ်းပြေစကားတောင် မပြောလိုက်ရဘူးကွယ်

ပန်းတွေကြားကပန်းမမချော

ပန်းကလေးတွေကြား အိပ်စက်နား

ပန်းကလေးတွေကြား အိပ်စက်နား

ဘ၀ခြားခဲ့ပြီကွယ် ပန်းနဲ့ ချစ်သူ

ဘယ်သူကလှတယ် ဝေခွဲမရဘူးကွယ်

ရွှေသည်းကြေကွဲ မျက်ရည်ဝဲလည်လည်

ရွှေသည်းကြေကွဲ မျက်ရည်ဝဲလည်လည်

ရွှေသည်းကြေကွဲ မျက်ရည်ဝဲလည်လည်

ရွှေသည်းကြေကွဲ မျက်ရည်ဝဲလည်လည်

သြော် အလွမ်းမမ ပန်းမမရယ်

မမပန်းမကြိုက်မှန်း သိတဲ့ကောင်လေး

ပူဆွေးကြေကွဲ ဖြေလည်းမရပြီကွယ်

ခွင့်လွှတ်ပါ့ ပန်းမမရယ်

နောက်ဆုံးလက်ဆောင် ပန်းစည်းကလေးထဲမှာ

မပြောဖြစ်ခဲ့တဲ့ ချစ်စကားလေးတွေ

အစီအရီထည့်လို့ နှုတ်ဆက်ခဲ့တယ် ပန်းမမရယ်

သြော် ဒီဘ၀ဒီအမျှနဲ့ပဲ

ခွဲရတော့မယ် လွမ်းရတော့မယ်

ဆွေးရတော့မယ် ဝေးရတော့မယ်

အလွမ်းမမ ပန်း....မမရယ်

Davantage de ရဲမြင့်မြတ်

Voir toutlogo