ကြယ်စင်တွေ ခရီးထွက်သွားတဲ့
မှောင်မိုက်ခြင်း နဲ့ ည
တယောက်တည်း ကိုယ့်ဘဝမှာ သူ့အလင်း
လေပြေငယ် တိုက်ခတ်ရင်းနဲ့
ညခင်းတခုရဲ့ အလှ
သူဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်
နေရောင်ခြည် တောက်ပအုံးမှ
ဒီဘဝ သိပ်လှမယ်
အပြင်မှာ တိမ်မဲမိုးသားတို့ ဖျက်ဆီး
သူလာရင် နွေးထွေးခြင်းနဲ့
သူ့အလင်းမျှလိမ့်မယ်
ကိုယ်ဟာ တယောက်တည်း
လောက အလယ် ပြည့်စုံပြီ
သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို
အရာရာ ဖြည့်ဆည်းဖို့
လူ့ဘဝက သိပ်တိုတယ်
အားလုံးတော့ မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော
လူ့ဘဝက သိပ်တိုတယ်
အားလုံးတော့ မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော
ဟိုးတုန်းက အမှောင်ညများ
ဟိုးတုန်းက အမှောင်နေ့များ
အထီးကျန်တာ မေ့ထားဖို့သူဖြည့်ပေး
ကိုယ့်အတွက်တော့ သူ့ဟာ အချိုဆုံးတေး
သိမ်ငယ်စရာ ပြန်မာန်တင်းပေး
သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အနားသတ်ပေးသူ
လူ့ဘဝက သိပ်တိုတယ်
အားလုံးမရ စိတ်ဓာတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော
လူ့ဘဝက သိပ်တိုတယ်
အားလုံးမရ စိတ်ဓာတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော