လေးဆယ်ကျော်အချစ် ဆို ဟင်္သာတထွန်းရင်
မဆုံချင်တော့ရင်လည်း…
နေပါစေဒီ..တစ်သက်
သြော်မတွေ့ချင်တော့ရင်လည်း…
နေပါစေဒီတစ်ဘဝ
အခုတော့ဒီလိုမဟုတ်ပါပဲ..
လေးဆယ်ကျော်ငါးနှစ်အတွင်းမှ
ပြန်ဆုံရတယ်ငယ်ချစ်ဦးရယ်
သြော်..တွေး..ကြည့်ရင်
ငယ်ကအကြောင်းလေးတွေက
ပြန်ပြောင်းသတိရစရာပါကွယ်..
တစ်ယောက်နဲ့တစ်ယောက် မကြည့်ရဲကြည့်ရဲ
နှုတ်ဆက်ရမှာလည်း...
မ၀ံ့မရဲပါကွယ်..
ဒီအရွယ်ဆိုပြန်..တော့
ထိန်းထိန်းသိမ်းသိမ်းနေရတာပါကွယ်...
(စကားပြော)
အသက်၄၀ကျော် မှ
ချစ်ရတဲ့သူ ငယ်ချစ်ဟောင်းကို
ပြည်လည်ဆုံဆည်းကြပေမယ့်
နှုတ်မဆက်သာ နှုတ်မဆက်ရဲ
ရင်ထဲအသည်းထဲမှာ
ကြိတ်မှိတ်မျိုသိပ်ခံစားရတဲ့ဘ၀ရယ်ပါ..
မဆုံချင်တော့ရင်လည်း…
နေပါစေဒီ..တစ်သက်
သြော်မတွေ့ချင်တော့ရင်လည်း…
နေပါစေဒီတစ်ဘဝ
အခုတော့ဒီလိုမဟုတ်ပါပဲ..
လေးဆယ်ကျော်ငါးနှစ်အတွင်းမှ
ပြန်ဆုံရတယ်ငယ်ချစ်ဦးရယ်
သြော်..တွေး..ကြည့်ရင်
ငယ်ကအကြောင်းလေးတွေက
ပြန်ပြောင်းသတိရစရာပါကွယ်..
တစ်ယောက်နဲ့တစ်ယောက် မကြည့်ရဲကြည့်ရဲ
နှုတ်ဆက်ရမှာလည်း...
မ၀ံ့မရဲပါကွယ်..
ဒီအရွယ်ဆိုပြန်..တော့
ထိန်းထိန်းသိမ်းသိမ်းနေရတာပါကွယ်..
(စကားပြော)
ချစ်တက်တဲ့သူဆိုတာ
အမြဲနုပျိုလန်းဆန်းနေပေမယ့်
တခါတလေလည်းပဲ
အသက်အရွယ်ကိုထောက်ရှု့ပြီးတော့
ထိန်းထိန်းသိမ်းသိမ်းနေရတဲ့ဘ၀မျိုး
ရှိပါသေးတယ်အချစ်ရယ်..
မတွေးဘူးဆိုပေ..မယ့်
တွေးမိသေးတယ်ငယ်ချစ်ဦးရယ်
အသည်း..နင့်နင့်အချစ်ကြီး ချစ်လို့
ချစ်မငြီးခဲ့ကြစဉ်မှာကွယ်..
မိအလို.. ဖအကြိုက်
ပေးစားသူကိုလက်ထပ်ကြဖို့
ဆွေးနွေးတုန်းအခါ..က
သူ့ပါး.. ကိုယ့်ပါး..
မျက်ရည်..စတွေ
အခုများရှိသေးနေသယောင်ကွယ်..
သြော် ခွဲခွာရတော့မှာမို့
အသည်းလေးများဆတ်ဆတ်တုန်
ငိုရင်းကြည့်တဲ့အကြည့်လေးများက
သြော်.. တစ်သက်မမေ့စရာ
လက်ရမ်းကာနှုတ်ဆက်ပြေးမှ
မျက်စိကိုမှိတ်အံကြိတ်ငိုမိတယ်....
လွန်ခဲ့ပါပြီကွယ်...
ဒါတွေမတွေးတော့ပါဘူး
အခုများ..ကြည့်လေ
သားတွေသမီးတွေ..နဲ့
ကိုယ်စီကိုယ်..ငှ တို့ဘ၀ပါကွယ်..
ဒီတော့လည်း..
နှလုံးသားရေးဘေးမှာထား
အပြုံးစကားလေးမေးတာများ
ဘေးလူကြားရင်ရယ်စရာကွယ်
မင်းတို့မိသားစုတွေ
ကျမ္မာလို့ ချမ်းသာပါ စကွယ်..
(စကားပြော)
မင်းနဲ့ကိုယ် ပြန်ဆုံကြပြီအချစ်ရေ..
ပြန်ဆုံကြတော့လည်း..
တို့အသက်တို့အရွယ်ကို
တွက်ဆကြည့်မယ်ဆိုရင်
၄၀ကျော်လို့
၅နှစ်တောင်စွန်းတော့မယ်ပေါ့..
ဒါပေမယ့်
မင်းနဲ့ကိုယ်နဲ့ တစ်ယောက်ကိုတစ်ယောက်
သိပ်သိပ်ပြီးတော့ချစ်ခဲ့ကြတဲ့အခါတုန်းက
အဖြစ်အပျက်ကလေးတွေကိုတော့
ရင်ထဲမှာပြန်ပြီး သတိရတယ်အချစ်ရယ်..
မင်းရယ် ကိုယ်ရယ်
တစ်ယောက်ကိုတစ်ယောက်
ဘယ်လောက်ပဲချစ်ပါတယ်ဆိုပေမယ့်
မိဘတွေပေးစားတဲ့သူကို
လက်ထပ်ကြပါစို့လို့
တိုင်ပင်တုန်းကဆိုရင်
မင်းနဲ့ကိုယ်နဲ့ပါးချင်းအပ်ပြီး
ငိုလိုက်ရတာလေ..
မင်းပါးမှာရော ကိုယ့်ပါးမှာပါ
မျက်ရည်စတွေနဲ့ပါ..
နောက်ဆုံးတော့
မျက်ရည်ကြားထဲကနေပြီး
အနိုင်နိုင်ပြုံးပြရင်း..
လက်ပြနှုတ်ဆက်ပြေး သွားတဲ့
မင်းရဲ့အပြုံးကလေးရယ်..
မင်းမရှိတော့မှ
ယောက်ျားတန်မဲ့
မျက်စိကိုမှိတ်ပြီးတော့
အံကြိတ်ငိုရတဲ့ကိုယ့်ဘ၀လေးကို
ပြန်လို့တွေးမိပါတယ်အချစ်ရယ်…
မပြောတော့ပါဘူးလေ
လွန်ခဲ့ပါပြီ..
အခုတော့ကြည့်စမ်းပါဦး..
နင့်မှာလည်းသားတွေသမီးတွေနဲ့
ကိုယ့်မှာလည်းသားတွေသမီးတွေနဲ့ပါ
ဒီတော့ တစ်ယောက်ကိုတစ်ယောက်
နှုတ်ဆက်စရာစကားမရှိလို့
ရှာကြံပြီးနှုတ်ဆက်စကားကို
တို့အကြောင်းများတခြားသူတွေကြားလို့ရှိရင်
ဝိုင်းပြီးတော့ရီကြမှာပါ
မင်းကိုနှုတ်ဆက်မိတာကတော့
မင်းတို့မိသားစုတွေ
ကျန်းမာလို့ချမ်းသာရဲ့လား..
နေလို့ထိုင်လို့မှ ကောင်းကြရဲ့လား..
သြော်…
၄၀ကျော်မှကြုံရတဲ့
အချစ်ရဲ့ဒသနတွေပါဗျာ….
လွန်ခဲ့ပါပြီကွယ်..
ဒါတွေမတွေးတော့ပါဘူး
အခုများ..ကြည့်လေ
သားတွေသမီးတွေ..နဲ့
ကိုယ်စီကိုယ်..ငှ တို့ဘ၀ပါကွယ်..
ဒီတော့လည်း...
နှလုံးသားရေးဘေးမှာထား
အပြုံးစကားလေးမေးတာများ
ဘေးလူကြားရင်ရယ်စရာကွယ်
မင်းတို့မိသားစုတွေ
ကျမ္မာလို့ ချမ်းသာပါ စ ကွယ်.....