menu-iconlogo
huatong
huatong
avatar

ခွင့်လွှတ်နော်

ဟေမာနေဝင်းhuatong
neum17huatong
Paroles
Enregistrements
ခွင့်လွှတ်နော်

သိပ်ချစ်တတ်တဲ့ ကိုကိုမို့လေ

ဒီလို ဆိုးမိတာပါ

သဘောကောင်းလွန်းတဲ့ ကိုကိုမို့လည်း

ဒီလို နွှဲ့လိုက်မိတာ

ခွင့်လွှတ်နော် သဘာဝမိန်းကလေးစိတ်မှာ

တခါတရံဆိုးမိတာ နွှဲ့မိတာလေးများ

ရင်ခုန်သံတွေ အေးခဲသွားမှာစိုးလို့

ငိုတယ်ဆိုတာကလည်း အချော့ကြိုက်လို့ပါ

အသည်းစွဲချစ်တဲ့ ကိုကိုမို့လည်း

ဒီလို ဆိုးမိတာပါ

နှလုံးသားလှတဲ့ ကိုကိုမို့လည်း

ဒီလို နွှဲ့လိုက်မိတာ

ခွင့်လွှတ်နော် ကိုကို စိတ်မပျက်နဲ့နော်

ကလေးဆိုးလေးလို စိတ်ကောက်တာ

ကိုကိုရင်နာစေအောင် စိတ်ထိခိုက်မိအောင်

ဝေဒနာ ရည်ရွယ်ချက်မျိုး မထားရက်ခဲ့ပါ

ခွင့်လွှတ်တတ်တဲ့ ကိုကိုမို့လည်း

ဟေမာ ဆိုးမိတာပါ

ယုယတတ်တဲ့ ကိုကိုမို့လည်း

ဟေမာ နွှဲ့လိုက်မိတာ..

နှုတ်ခမ်းစူမူတာ မိန်းကလေးတွေရဲ့ရှေးရိုး

အကျင့်စရိုက်လေးပါ

ကမ္ဘာပေါ်ရှိသော မိန်းကလေးတိုင်းအတွေး

ချစ်တယ်ဆိုရင် ဘယ်လိုတားတား

အရာရာစွန့်လွှတ် ချစ်ပြတတ်တာ

ကိုကိုနားလည်နိုင်မှာပဲပေါ့

ဒီအခွင့်ရေးလေး လိုချင်လို့

မေ သိပ်ဆိုးတယ် မေ သိပ်ဆိုးတယ် နော်!

ကိုကို မပြောလိုက်ပါနဲ့ ..

သဘောကောင်းလွန်းတဲ့ ကိုကိုမို့လည်း

ဟေမာ ဆိုးနွှဲ့ဝံ့တာ

ခွင့်လွှတ်တတ်တဲ့ ချစ်သူမို့လေ

ဟေမာ ဆိုးနွှဲ့မိတာ

ခွင့်လွှတ်နော် သဘာဝမိန်းကလေးစိတ်မှာ

တရံတခါဆိုးမိတာ နွှဲ့မိတာလေးများ

ရင်ခုန်သံတွေ အေးခဲသွားမှာစိုးလို့

ငိုတယ်ဆိုတာကလည်း အချော့ကြိုက်လို့ပါ

ခွင့်လွှတ်တတ်တဲ့ ကိုကိုမို့လည်း

ဟေမာ ဆိုးမိတာပါ

ယုယတတ်တဲ့ ကိုကိုမို့လည်း

ဟေမာ နွှဲ့လိုက်မိတာ

ချစ်နေလို့လည်း ဆိုးတာပေါ့နော်

ကိုကိုလည်း သိမှာပါ

ယုယတတ်တဲ့ ကိုကိုမို့လည်း

ဒီလို ဆိုးမိတာပါ ..

ချစ်နေသူမို့ နွှဲ့ချင်သေးလို့

ကိုကိုလည်း သိမှာပါ ..

ယုယတတ်တဲ့ ကိုကိုမို့လည်း

ဒီလို ဆိုးနွှဲ့မိတာ ..

Davantage de ဟေမာနေဝင်း

Voir toutlogo