menu-iconlogo
huatong
huatong
avatar

မမေ့ခြင်းများနဲ့နေခဲ့ပါ့မယ်

ဟံသာစိုးမင်huatong
ဦးမင်းခန့်😎huatong
Paroles
Enregistrements
မမေ့ခြင်းများနဲ့ကျန်ခဲ့ပါ့မယ်

တေးရေး - မင်းဂျွန်စိုး

တေးဆို - ဟံသာစိုးမင်း

.......Intro......

.........Go.....

ပျောက်ဆုံးသွားတဲ့ မေတ္တာရှင်ရယ်

ဘယ်ဆီဘယ်ဝယ် ရှောင်ခွာသွေဖယ်

နေရက်နိုင်သူကြီးရယ်

မျှော်သူအလွမ်းများ အစွန်းရောက်သွားခဲ့ပြီ

.........

သံယောဇဉ်ကြိုး ချည်နှောင်ရစ်ပတ်

ရင်ထဲတိတ်တခိုး တမြေ့မြေ့နာကျင်

ချစ်လျက်သူ အဝေးကိုစွန့်သွားတော့..

ဒီမှာရူးမတတ် လွမ်း..လို့ကျန်

........

တစ်ကယ်ချစ်မိသလောက်

အသည်းကနာကျင်

ဒဏ်ရာ ဝေဒနာ ရင်မှာကျန်နေ

ဒီဘဝမှာ ဒီမျှနဲ့သာ

ဒီလိုအလွမ်းများ ကင်းဝေးပါရစေ..

.......

အိမ်မက်တွေနဲ့အကြိမ်ကြိမ်နှိပ်စက်

မမေ့ခြင်း ကမ္ဘာထဲလွမ်းရက်ကြာရှည်

လွမ်းသူ့ထံ ချစ်သူပြန်ခဲ့မလား...

နေရာဟောင်းမှာ တို့တော့လွမ်းဆဲပါ..

......

နေရာမှန် ရင်ခွင်ဟောင်းကိုစွန့်ခွာသူ

စိတ်သောက ကင်းပါစေ

ပျော်ပါစေ တို့ဆုတောင်းမယ်

မမေ့တတ်သူမမေ့ခြင်းများနဲ့ကျန်..

.......

မမေ့ခြင်းများနဲ့ အသက်ဆက်ရှင်နေ

ကြင်နာသူကို ရှာနေသူပါ..

ဒီတစ်သက်မှာ တစ်ယောက်ထဲချစ်သူ

ပြန်လာဦးမလား အတွေးနဲ့မျောလွင့်ကြွေ..

......

ဘယ်အတွက် ဘာကြောင့်

ဘယ်လိုအကြောင်းနဲ့ ဘယ်အရပ်ဆီသို့

ပြေးပုန်းရှောင်နေ

မမေ့တတ်အောင်ချစ်လာခဲ့ပြီးမှ...

မကြင်နာအသည်းကို အစိမ်းလိုက်ခွဲသွားပြီ

Solo......music

.........go...

တစ်ကယ်ချစ်မိသလောက်

အသည်းကနာကျင်

ဒဏ်ရာ ဝေဒနာ ရင်မှာကျန်နေ

ဒီဘဝမှာ ဒီမျှနဲ့သာ

ဒီလိုအလွမ်းများ ကင်းဝေးပါရစေ

......

အိမ်မက်တွေနဲ့အကြိမ်ကြိမ်နှိပ်စက်

မမေ့ခြင်း ကမ္ဘာထဲလွမ်းရက်ကြာရှည်

လွမ်းသူ့ထံ ချစ်သူပြန်ခဲ့မလား...

နေရာဟောင်းမှာ တို့တော့လွမ်းဆဲပါ

.......

နေရာမှန် ရင်ခွင်ဟောင်းကိုစွန့်ခွာသူ

စိတ်သောက ကင်းပါစေ

ပျော်ပါစေ တို့ဆုတောင်းမယ်

မမေ့တတ်သူမမေ့ခြင်းများနဲ့ကျန်..

......

မမေ့ခြင်းများနဲ့ အသက်ဆက်ရှင်နေ

ကြင်နာသူကို ရှာနေသူပါ

ဒီတစ်သက်မှာ တစ်ယောက်ထဲချစ်သူ

ပြန်လာဦးမလား အတွေးနဲ့မျောလွင့်ကြွေ..

......

ဘယ်အတွက် ဘာကြောင့်

ဘယ်လိုအကြောင်းနဲ့ ဘယ်အရပ်ဆီသို့

ပြေးပုန်းရှောင်နေ

မမေ့တတ်အောင်ချစ်လာခဲ့ပြီးမှ....

မကြင်နာ အသည်းကို

အစိမ်းလိုက် ခွဲသွားပြီ...

MinKhent

Davantage de ဟံသာစိုးမင်

Voir toutlogo