ဥဒ္ဒိစ္စအလွန်
ဆို-စိုင်းထီးဆိုင်
ရင်ထဲကနှင်းများကျတဲ့
ဒီဟေမာန်နံနက်ခင်းမှာ
ချယ်ရီပန်းများလည်းဖူးပွင့်ဝေပီ
အမှောင်ကွယ်ကာတိမ်တွေကြားက
ပြူထွက်မယ့်ရှင်နေမင်းလို
မျှော်ကိုးဆဲချစ်သူရယ်မလာတော့
တုံ့ချမ်းလို့ခိုက်ခိုက်အေးနေ
အပြင်ဘက်ကတိုက်တဲ့မြောက်လေ
ဝတ်ထားတဲ့ကိုယ့်ရဲ့အနွေးထည်
မကာနိုင်ရှာ
ဒါပေမယ့်သေချာလည်းလေ
ကြင်နာသူပေါ်မယ့်လမ်းမှာ
မျက်လုံးကမှိတ်လည်းစိတ်နဲ့မြင်နေမယ်
ဥဒ္ဒိစ္စအလွန်ကမ်းကုန်နေပီ
ချစ်လုံ့လချစ်ဝီရိယများ
ရင်ထဲကမီးများတိုက်သလို
ဒီဂိမာန်နွေမွန်းတဲ့
နွေဥသြကလေးလဲလွမတေးသီပြီ
ချောင်ငယ်မှာထိုင်ကာတွေးမိ
လိုချိန်မှာမသာတဲ့လလို
မျှော်လင့်ဆဲညချိန်ရယ်မလာတော့
ကျိန်စာတွေပြုကာထားသလား
ဝေဟင်ကကျတဲ့မြှားပမာ
ကိုယ်စောင်းတဲ့ထီးကပျော့တယ်မခံနိုင်ရှာ
ဒါပေ့မယ့်သေချာလည်းလေ
ကြင်နာသူပေါ်မယ့်လမ်းမှာ
မျက်လုံးကမှိတ်လည်းစိတ်နဲ့မြင်နေတယ်
ဥဒ္ဒိစ္စအလွန်ကမ်းကုန်နေပီ
ချစ်ဒေါသချစ်စိတ္တဇများ...
$$$SOLO$$$
ရင်ထဲကကျတဲ့မျက်ရည်
ဒီဝဿာန်ခါညချမ်းမှာ
ကိုယ်တစ်ယောက်တည်းမဖောက်လွဲ
ထီးထီးကျန်နေ
လှောင်ရယ်ကာနေနိုင်ရင်သူ
ရွာလေပြီလျှပ်ပြက်မိုးခြိမ်း
မျက်လုံးထဲနားခံနိုင်ရည်ဝ
မုန်တိုင်းကြားပုန်းတဲ့ငုပ်ကောင်
မျှော်လင့်ချက်ဆက်၍ထားကာ
မာနလည်းမထားဘူးမရှိပြီယုံပါတော့
ဆိုချင်လည်းသေခြာလည်းလေ
ကြင်နာသူပေါ်မယ့်လမ်းမှာ
မျက်လုံးကမှိတ်လည်းစိတ်နဲ့မြင်နေမယ်
ဥဒ္ဒိစ္စအလွန်ကမ်းကုန်နေပီ
ချစ်အတိတ်ကောင်းချစ်နမိတ်ကောင်းများ
အရိပ်