စီးကရက်ကို ကြိုက်တတ်ရင်
စီးကရက်မီးခိုး မျက်စိထဲ
ဝင်တာလောက်တော့
ခံနိုင်ရည်ရှိပါတယ်
မင်းလေးကိုချစ်လွန်းတော့လည်း
မင်းရဲ့ အနိုင်ယူတဲ့ ဒဏ်တွေကို
ခံနိုင်ရမယ် ဆိုတာ သိထားတယ်
သိပ်ချစ်တာတွေ ပြမိလို့
အခုတော့ဒဏ်တွေ ခံလိုက်ဦး
ဟန်ဆောင်ပြီးမှငါမနေတတ်ဘဲ
မင်းလုပ်ချင်တာ လုပ်ပြီးတဲ့အခါ
ငြိုငြင်စရာတွေ မမြင်ပါဘူး
ဒီအခွင့်အရေးတွေမင်းအကုန် ရထားတယ်
အချစ်လေး
ငါ့ရဲ့အားနည်းချက်တွေကို
သိထားတယ် မင်း
ငါ့ကို ဘယ်လောက်ထိ
အနိုင်ယူနေမှာလဲ
ရက်စက်နေမှာလဲဟေ့
အချစ်လေး
ငါ့ရဲ့အားနည်းချက်တွေကို
သိထားတယ် မင်း
ငါ့ကို ဘယ်လောက်ထိ
အနိုင်ယူနေမှာလဲ
ရက်စက်နေမှာလဲဟေ့
မီးခဲလိုပူပြင်းပါစေ
လွှတ်ချပစ်လိုက်ဖို့စိတ်မကူး
ငါဘယ်လောက်ချစ်တယ်ဆိုတာနားလည်ပါ
မင်းလေးကိုချစ်ရတာ
ငါ့အတွက်အမှားလို့မထင်မိဘူး
လွန်ကျွံသွားပါစေဆက်ပြီးချစ်သွားမယ်
စီးကရက်ကို ကြိုက်တက်ရင်
စီးကရက်မီးခိုး မျက်စိထဲ
ဝင်တာလောက်တော့
ခံနိုင်ရည်ရှိပါတယ်
မင်းလေးကိုချစ်လွန်းတော့လည်း
မင်းရဲ့ အနိုင်ယူတဲ့ ဒဏ်တွေကို
ခံနိုင်ရမယ် ဆိုတာ သိထားတယ်
သိပ်ချစ်တာတွေ ပြမိလို့
အခုတော့ဒဏ်တွေ ခံလိုက်ဦး
ဟန်ဆောင်ပြီးမှငါမနေတတ်ဘဲ
မင်းလုပ်ချင်တာ လုပ်ပြီးတဲ့အခါ
ငြိုငြင်စရာတွေ မမြင်ပါဘူး
ဒီအခွင့်အရေးတွေမင်းအကုန် ရထားတယ်
အချစ်လေး
ငါ့ရဲ့အားနည်းချက်တွေကို
သိထားတဲ့ မင်း
ငါ့ကို ဘယ်လောက်ထိ
အနိုင်ယူနေမှာလဲ
ရက်စက်နေမှာလဲဟေ့
အချစ်လေး
ငါ့ရဲ့အားနည်းချက်တွေကို
သိထားတဲ့ မင်း
ငါ့ကို ဘယ်လောက်ထိ
အနိုင်ယူနေမှာလဲ
ရက်စက်နေမှာလဲ ဟေး