menu-iconlogo
huatong
huatong
avatar

လွမ်းစရာလေးတွေ

ဆောင်းဦးလှိုင်huatong
ငယံ-NgaYanhuatong
Paroles
Enregistrements
ရေး - ဆောင်းဦးလှိုင်

🎤Go🎤

လွမ်းတော့ ပြန်လာပါ အသည်းလေးရာ

တစ်နေ့နေ့ ကိုယ့်အချစ်တွေ မင်း နားလည်မလား

သူတို့နဲ့ အဆင်မပြေလို့များ လိုတယ်ဆို

မင်းအတွက် အချိန်ရာသီ မရွေး အသင့်ကိုယ်

ခမ်းနား ထည်ဝါ မှုများ နောက်မှာ

သူတို့ရဲ့ မာန်မာနများ ရှိတာ

မင်းအား နာကြင်စေသော တစ်နေ့မှာ

ပြန်မြင်ယောင်ပါ

ကိုယ်တို့ နှစ်ဦး အတိတ်ကမ္ဘာ

သိပ်ချစ်ဖို့ ကောင်းတာနဲ့

မေ့ပစ်လို့ မရနိုင်ခဲ့

အားလုံးက ငြင်းပယ်ကြတဲ့ သီချင်းသည် ဘဝမှာ ငါ့ကိုထားခဲ့

မုန်းလို့တော့ မရပါပြီ

အဆိုးဆုံးက လွမ်းနေမိ

တရွေ့ရွေ့နဲ့ ဝေးကွာသွားတဲ့ မင်းရဲ့ အရိပ်ကို ကြည့်ကာ ငါမချိ

နွမ်းလျလို့ အသက်ရှု မဝတဲ့ ငါ့ရဲ့အဖြစ်ကို ငါသာသိခဲ့

စွန့်လွှတ်ဖို့ သိပ်ခက်ခဲတဲ့ အချစ်ကို တခြားလူ တစ်ယောက်ဆီ ပေးဖို့

သတ္တိတော့ မရှိပါပြီ မှတ်မိသမျှ တို့တွေသည်

တကယ်ဖြင့် ငယ်ချစ် ဆယ်နှစ်တာ တွဲလက်များပေါ့

လွမ်းတော့ ပြန်လာပါ အသည်းလေးရာ

တစ်နေ့နေ့ ကိုယ့်အချစ်တွေ မင်း နားလည်မလား

သူတို့နဲ့ အဆင်မပြေလို့များ လိုတယ်ဆို

မင်းအတွက် အချိန်ရာသီ မရွေး အသင့်ကိုယ်

ခမ်းနား ထည်ဝါ မှုများ နောက်မှာ

သူတို့ရဲ့ မာန်မာနများ ရှိတာ

မင်းအား နာကြင်စေသော တစ်နေ့မှာ

ပြန်မြင်ယောင်ပါ

ကိုယ်တို့ နှစ်ဦး အတိတ်ကမ္ဘာ

့အရှုံးများလား မသိပါ နှလုံးသားတော့ အထိနာ

မင်းသွားမယ့် ခြေလှမ်းတိုင်းမှာ ငါ့ မာနကို နင်းလျှောက် သွားပါ

ဝဲသွားတဲ့ မျက်ရည်ကြည်

မသိစိတ်ကြောင့် ဖြစ်ပါသည်

ငဲ့မကြည့်နဲ့ ရှေ့ဆက်သွား သနား သလိုတော့ ငါ့ကို မလုပ်နဲ့

နုံးချိလို့ အသက်ရှု မဝလည်း

အဆုံးမရှိတဲ့ အလွမ်း ပင်လယ်ထဲ

ချစ်တော့ဖြင့် ချစ်ရဲ ခဲ့သမျှ

ပစ်ခဲ့တော့ အပြစ် ပြောလို့မရ

တကယ်ဖြင့် ငယ်ချစ် ဆယ်နှစ်တာ တွဲလက်များ

သတိရသွား မင်းခံစား ငါ့ကိုနှလုံးသား တစ်ထောင့်မှာ ထား

လွမ်းတော့ ပြန်လာပါ အသည်းလေးရာ

တစ်နေ့နေ့ ကိုယ့်အချစ်တွေ မင်း နားလည်မလား

သူတို့နဲ့ အဆင်မပြေလို့များ လိုတယ်ဆို

မင်းအတွက် အချိန်ရာသီ မရွေး အသင့်ကိုယ်

ခမ်းနား ထည်ဝါ မှုများ နောက်မှာ

သူတို့ရဲ့ မာန်မာနများ ရှိတာ

မင်းအား နာကြင်စေသော တစ်နေ့မှာ

ပြန်မြင်ယောင်ပါ

ကိုယ်တို့ နှစ်ဦး အတိတ်ကမ္ဘာ

အချိန်တွေဟာ ကုစား ပေး မှာပေါ့

ပြောဖူးတဲ့ စကားလေးတွေ ပြန်ပြီး ကြားယောင်တော့

ထင်တာတွေဟာ တကယ်မှာ ဖြစ်မလာဘူး

ဒဏ်ရာကို အပေါ်ယံ ရှပ်ပြီး ကြည့်ရင်တော့

ထိခဲ့တဲ့ အတွင်းကအနာ ဘယ်သူမှ မသိပြီပေါ့

ပျော်ချင်ယောင် ဆောင်တာ သူ စိတ်ချမ်းသာအောင်

( တကယ်ဖြင့် ငယ်ချစ် ဆယ်နှစ်တာ တွဲလက်များ )

အချိန်တွေဟာ ကုစား ပေး မှာပေါ့

ပြောဖူးတဲ့ စကားလေးတွေ ပြန်ပြီး ကြားယောင်တော့

ထင်တာတွေဟာ တကယ်မှာ ဖြစ်မလာဘူး

( သတိရသွား မင်းခံစား ငါ့ကိုနှလုံးသား တစ်ထောင့်မှာ ထား )

ဝေဒနာကို အပေါ်ယံ ရှပ်ပြီး ကြည့်ရင်တော့

ထိခဲ့တဲ့ အတွင်းကအနာ ဘယ်သူမှ မသိပြီပေါ့

ပျော်ချင်ယောင် ဆောင်တာ သူ စိတ်ချမ်းသာအောင်

( တကယ်ဖြင့် ငယ်ချစ် ဆယ်နှစ်တာ တွဲလက်များ )

အချိန်တွေဟာ ကုစား ပေး မှာပေါ့

ပြောဖူးတဲ့ စကားလေးတွေ ပြန်ပြီး ကြားယောင်တော့

ထင်တာတွေဟာ တကယ်မှာ ဖြစ်မလာဘူး

( သတိရသွား မင်းခံစား ငါ့ကိုနှလုံးသား တစ်ထောင့်မှာ ထား )

\‾ (`-` ) 🙏 ကျေးဇူးတင်ပါတယ် 🙏 \‾ (`-` )

⬆️ ⬆️ ☁️ 🗂 by

ငယံ-(🇳​🇬​🇦​ 🇾​🇦​🇳​)

Davantage de ဆောင်းဦးလှိုင်

Voir toutlogo
လွမ်းစရာလေးတွေ par ဆောင်းဦးလှိုင် - Paroles et Couvertures