သူဟာတကယ်ပဲ မင်းအပေါ်မှာတို့ထက်ပိုပြီး
ချစ်ခဲ့ရင်
စည်းဝိုင်းအပြင်ဖက်ထွက်ပေးလိုက်ပါ့မယ်
အချစ်လေး....
သူဟာတကယ်ပဲ မင်းဘဝမှာ
အကောင်းဆုံးလူသားဖြစ်ခဲ့ရင်
တားဆီးပိုင်ခွင့်
ရုပ်သိမ်းလိုက်ပါ့မယ် အချစ်လေး..
လာခြင်းကောင်းတဲ့မင်းဘဝ ပျော်ပါစေ
ဆုတောင်းပေးဖို့ တစ်ခုသာတို့ အခွင့်အရေး
လာခြင်းကောင်းတဲ့မင်းဘဝ ပျော်ပါစေ
ဆုတောင်းပေးဖို့ တစ်ခုသာတို့ အခွင့်အရေး
သူဟာတကယ်လို့မင်းအပေါ်မှာ
မချစ်လို့ အနိုင်ပိုင်းနှစ်ခဲ့ရင်
မင်းတစ်ယောက် မပူနဲ့
တို့အပြေးရောက်ခဲ့မယ် အချစ်လေး
သူဟာတကယ်လို့ မင်းဘဝကို
နင်းဖျက်ခြေပြီးစွန့်ခဲ့ရင် မင်းမမေ့ပါနဲ့
တို့ကအနီးဆုံးလူ အချစ်လေး...
အချိန်တိုင်းမင်းအတွက်အနီးဆုံးလူပါလေ
ကိုယ်ကျိုးစွန့်တဲ့အချစ်သာ တို့အခွင့်အရေး
အချိန်တိုင်းမင်းအတွက်အနီးဆုံးလူပါလေ
ကိုယ်ကျိုးစွန့်တဲ့အချစ်သာ တို့အခွင့်အရေး
သူဟာတကယ်လို့နင့်အပေါ်မှာ
မချစ်လို့ အနိုင်ပိုင်းပစ်ခဲ့ရင်
မင်းတစ်ယောက် မပူနဲ့
တို့အပြေးရောက်ခဲ့မယ် အချစ်လေး..
သူဟာတကယ်လို့ မင်းဘဝကို
နင်းဖျက်ခြေပြီးစွန့်ခဲ့ရင် မင်းမမေ့ပါနဲ့
တို့ကအနီးဆုံးလူ အချစ်လေး...
အချိန်တိုင်းမင်းအတွက် အနီးဆုံးလူပါလေ
ကိုယ်ကျိုးစွန့်တဲ့အချစ်သာ တို့အခွင့်အရေး
လာခြင်းကောင်းတဲ့မင်းဘဝပျော်ပါစေ
ဆုတောင်းပေးဖို့သာ တို့အခွင့်အရေး
အချိန်တိုင်းမင်းအတွက် အနီးဆုံးလူပါလေ
ကိုယ်ကျိုးစွန့်တဲ့အချစ်သာ တို့အခွင့်အရေး
လာခြင်းကောင်းတဲ့မင်းဘဝပျော်ပါစေ
ဆုတောင်းပေးဖို့သာ တို့အခွင့်အရေး