အောင်ထက် 
ပျော်တာပေါ့အမေရယ် 
INTRO 
အဖေက အသက်ခြောက်ဆယ် 
ပင်စင်ဘဝနဲ့ အထုပ်ထမ်းပြန် 
ကျနော့ရဲ့အမေ ဝါးဓနိတွေဝယ်ကာလေ 
အကြော်ဆိုင်လေး ကားဂိတ်နံဘေး 
ကြော်ရန်အသင့်ဖြစ်တဲ့အချိန်မှာ 
အချစ်ဆုံးသားအထွေးလေးက 
ရီဂျင်နယ်မှာ 
မပူဆာရဲ ပြောမထွက်လို့ 
အတူတူကျောင်းသွားဖော်လေးကို 
ကျောင်းမုန့်ဆိုင် ဈေးတန်းကို မခေါ်နိုင် 
ဒါကိုအမေ မသိခဲ့တော့ အိမ်ပြန်ရောက်တဲ့ 
အခါတိုင်းမှာ အတင်းမေးတာ 
သားလေး ကျောင်းမှာပျော်ရဲ့လား 
ပျော်တာပေါ့အမေရယ် 
ပျော်တာပေါ့အမေရယ် 
ကျောင်းကြီးမှာသားလေး 
တော်တော်ပျော်ပါတယ် 
ပျော်တာပေါ့အမေရယ် 
ပျော်တာပေါ့အမေရယ် 
ကျောင်းကြီးမှာသားလေး 
တော်တော်ပျော်ပါတယ် 
အဖေကသောက်တက်လို့ ကျနော် 
အရက်ပုလင်းပြေးဝယ်ကာအပြန် 
လိမ်းထိပ်မှာ ကျောင်းကဆရာမလေးတွေ့ပြီ 
အံကိုကြိတ် နှာခေါင်းပိတ်ခါ 
နံဆော်လွန်းလို့ဖြစ်မှာပါ ဖော့ဆို့မခိုင် 
ကမ်းနားအရက်ဆိုင်ဆီကပုလင်း 
အကြော်ဆိုင်မှာအသုံးပြုဖို့ 
ကျနော်ဆီပုံးကြီးထမ်းကာအလာ 
လမ်းထိပ်မှာ ရည်းစားကိုဆုံပြီးမို့ အိုဟို 
ညှော်ဆော်နံ ချွေးကပြန် 
ဇိမ်ခံကားပြတင်းဝစီက 
မင်းမျက်နှာ မနမ်းဝံ့တော့တာ ရင်နာစရာ 
ပျော်တာပေါ့အမေရယ် 
ပျော်တာပေါ့အမေရယ် 
ကျောင်းကြီးမှာသားလေး 
တော်တော်ပျော်ပါတယ် 
ပျော်တာပေါ့အမေရယ် 
ပျော်တာပေါ့အမေရယ် 
ကျောင်းကြီးမှာသားလေး 
တော်တော်ပျော်ပါတယ် 
အဖေက အသက်ခြောက်ဆယ် 
ပင်စင်ဘဝနဲ့ အထုပ်ထမ်းပြန် 
ကျနော့ရဲ့အမေ ဝါးဓနိတွေဝယ်ကာလေ 
အကြော်ဆိုင်လေး ကားဂိတ်နံဘေး 
ကြော်ရံအသင့်ဖြစ်တဲ့အချိန်မှာ 
အချစ်ဆုံးသားအထွေးလေးက 
ရီဂျင်နယ်မှာ 
အကြော်ဆိုင်မှာအသုံးပြုဖို့ 
ကျနော်ဆီပုံးကြီးထမ်းကာအလာ 
လမ်းထိပ်မှာ ရည်းစားကိုဆုံပြီးမို့ 
ညှော်ဆော်နံ ချွေးကပြန် 
ဇိမ်ခံကားပြတင်းဝဆီက 
မင်းမျက်နှာ မနမ်းဝံ့တော့တာ ရင်နာစရာ 
ပျော်တာပေါ့အမေရယ် 
ပျော်တာပေါ့အမေရယ် 
ကျောင်းကြီးမှာသားလေး 
တော်တော်ပျော်ပါတယ် 
ပျော်တာပေါ့အမေရယ် 
ပျော်တာပေါ့အမေရယ် 
ကျောင်းကြီးမှာသားလေး 
တော်တော်ပျော်ပါတယ် 
ပျော်တာပေါ့အမေရယ် 
ပျော်တာပေါ့အမေရယ် 
ကျောင်းကြီးမှာသားလေး 
တော်တော်ပျော်ပါတယ် 
ပျော်တာပေါ့အမေရယ် 
ပျော်တာပေါ့အမေရယ် 
ကျောင်းကြီးမှာသားလေး 
တော်တော်ပျော်ပါတယ် 
 Numb in Bigo