menu-iconlogo
huatong
huatong
--cover-image

လှေကလေးစီးမယ်

အောင်ရင်huatong
middleof3huatong
Paroles
Enregistrements
လှေကလေးစီးမယ်

ဝသန်ခါ မိုးလေးများရွာနေပြီ

ရွာနောက်ဖေးချောင်းလေးလည်းရေလျှံပြီ

အကိုရေမြန်မြန်သာလာပါကွယ်

ချောင်းရိုးလေးတစ်လျှောက်မယ်

ဒို့လှေကလေးစီးကြမယ် ဒို့လှေကလေးစီးကြမယ်

ရေဘောင်ဘင်လှိုင်းကြီးတော့ ရင်ခုန်တယ်

ကိုကိုရေ ဖြည်းဖြည်းတော့ လှော်ပါဟယ်

တော်ကြာရေတွေဝင်ကုန်ရင်

မြုပ်လို့သွားလိမ့်မယ်

အိုး..ကိုယ်ကျိုးနည်းပေါ့ကွယ်

ဒို့နှစ်ယောက်လုံးနစ်လိမ့်မယ်

ဟိုးကျောက်အစွန်းအနားများတော့ရှောင်ပါကွယ်

ဟိုးရှေ့နားဝဲကတော့ ချာချာလည်

အကိုရေ…မြန်မြန်သာလှော်ပါဟယ်

ဝဲထဲရောက်တော့မယ်

အိုးအသည်းထိပ်လှတယ်

ဒို့လှေကလေးမှောက်လိမ့်မယ်…

ဝသန်ခါ မိုးလေးများရွာနေပြီ

ရွာနောက်ဖေးချောင်းလေးလည်းရေလျှံပြီ

အကိုရေမြန်မြန်သာလာပါကွယ်

ချောင်းရိုးလေးတစ်လျှောက်မယ်

ဒို့လှေကလေးစီးကြမယ် ဒို့လှေကလေးစီးကြမယ်

ရေတွေလည်းကြီးစမ်းပါ့ ပျော်စရာကွယ်

လှော်လိုက်စမ်းမနားတမ်းပေါ့ကိုကိုရယ်

ဒီလိုဒီလယ်ယာမှာ ရေဖွေးဖွေးထမှကွယ်

ဒို့စပါးစိုက်တဲ့အခါ

ပျိုးတွေလည်းကြီးထွားမယ်

ဒီလိုဒီလယ်ယာမှာ ရေဖွေးဖွေးထမှကွယ်

ဒို့စပါးစိုက်တဲ့အခါ

ပျိုးတွေလည်းကြီးထွားမယ်

Davantage de အောင်ရင်

Voir toutlogo