menu-iconlogo
huatong
huatong
avatar

နောင်တ

ဝေလhuatong
🔪It's_Hurt🔪huatong
Paroles
Enregistrements
နောင်တ

******ဝေလ******

ခေါင်းငြိမ့်ပစ်လိုက် စီစဉ်တဲ့မိဘ သဘောအတိုင်း

ထားပစ်ခဲ့လိုက် ငါနေရစ်ခဲ့ပါ့မယ်

ဆင်ကိုစီးကာမြင်းရံလိုက် ရွှေဘုံပေါ်စံစားလိုက်

အသည်းမရှိတဲ့လူမိုက်လို့ နင်စွပ်စွဲသွားလိုက်လေ

နင်ကောင်းစားဖို့အရေးကို မျက်ကွယ်ငါပြုလို့

အတ်တတံဆိပ်ကပ်လို့ မဆုံးဖြတ်နိုင်ဘူးဟေ့...

ကြာရင်သိလာမယ် ဒီအချိန်ငါလွန်တယ်

ဘာမှထပ်ပြီး မမျှော်လင့်နိုင်ဘူးလေ....

ဒီဘ၀ဒီမျှလို့ပဲနင်ဖြေသိမ့်လိုက်လေ....

ဒို့အတိတ်နေ့ရက်လေး ပြန်မလိုချင်နဲ့လေ

နောက်တစ်ယောက်လက်မှာ ပျော်ရွှင်ခြင်းများ

ရပါစေ.....

ကမာကြီးပေါ်က အလှဆုံးနေရာလေးတွေ..

သူနဲ့ဆက်ပြီးလျောက်သွားကာပျော်ပါးလိုက်လေ...

ငါချစ်တဲ့မင်းကိုလေ အရောင်မမှိန်ချင်ဘူးလေ....

စိတ်လျော့လိုက်ပါ ကြာရင်သွေးအေးသွားမယ်လေ.....

****************************

******Guitar Solo************

****************************

အားလုံးရဲ့အကြိုက် ထည်ဝါစွာလမ်းလျောက်သွားခိုက်

ငါဟာအသည်းကွဲဇာတ်လိုက် တ၀က်ပဲပြုံးခဲ့တယ်.....

ဒီမင်္ဂလာပွဲမှာ မင်းသာမိုက်... ကျန်တာတွေငါလဲမကြိုက်

သတို့သားနဲ့မလိုက် နင်ထွက်ပြေးသွားခဲ့တယ်.....

အခြားတစ်ယောက် ရင်ထဲကိုသွားမယ့် ခြေလှမ်းတို့....

မင်းဆုံးဖြတ်ချက်နဲ့နောက်လှည့်ပြန်ပြေးခိုက်....

ပေတရာ လမ်းပေါ်မယ် နင်ငြိမ်နေပါတယ်....

ဘာမှထပ်ပြီး မမျှော်လင့်နိုင်ဘူးလေ....

ငါ့အမှားတွေကြောင့် နင်သွေးတွေ အပြင်ထွက်လို့နေ...

ဒို့အတိတ်နေ့ရက်လေး ပြန်မရတော့ဘူးလေ...

နောက်ဘ၀ကြရင် နင်ဒီလိုဘေးမျိုးကင်းပါစေ...

ကမာကြီးပေါ်က အလှဆုံးနေရာလေးတွေ....

နင်မသွားချင်မှန်းငါမသိတာ ငါ့အပြစ်လေ....

အို ငါ့ရဲ့ချစ်သူလေး အရာရာငြိမ်သက်ချိန်

အချစ်စစ်တစ်ခုကို သေချာစွာ ဆုံးရှုံးခဲ့ပြီလေ.....

ဟူးးး နောက်ဘ၀ကြရင် နင်ဒီလိုဘေးမျိုးကင်းပါစေ...

Davantage de ဝေလ

Voir toutlogo