¶ တေးရေး။ ကိုနေ၀င်း
¶ လရိပ်သန်း အချစ်နှုတ်ခမ်း
¶ အနမ်းတွေ ဖူးပွင့်ဖို့လေ
¶ မျှော်သူကို
¶ သံသယကြိုးရစ်နှောင်လွှမ်း
¶ ရစ်နေတုန်း
¶ သရဝဏ် ကူလှည့်ဦး
¶ ကြင်နာမယ့် အသည်းရှိတဲ့အရပ်
¶ ညွှန်မယ်ဆို
¶ ဝါဆိုပန်း မင်းလွင်
¶ ပုန်းညက် နွမ်းရက်အလွန်
¶ ကြွေပြီမို့
¶ သိဟ်ရာသီ ဝါခေါင်မိုးနဲ့
¶ လှမ်းလာခဲ့တော့ ခတ္တာရေ
¶ နှောင်းခက်ခက်စု
¶ အချစ်ရိပ်ဦး စွန့်သည့်မြား
¶ အသည်းမှာစူးနစ်ခဲ့လို့ဒီဒဏ်ကို
¶ ရင်မှာထွေး ပွေ့ပိုက်ထွေးထားနေတုန်း
¶ သရဝဏ် ကူပါဦး
¶ အရင်လူ ဖျက်ဆီးခဲ့တဲ့
¶ အချစ်ပြင်မယ်ဆို
¶ ဝါဆိုပန်း မင်းလွင်
¶ ပုန်းညက် နွမ်းရက်အလွန်
¶ ကြွေပြီမို့
¶ သိဟ်ရာသီ ဝါခေါင်မိုးနဲ့
¶ လှမ်းလာခဲ့တော့ ခတ္တာရေ
¶ ဆွေးမြည့်မြည့်နေ့ မောင့်ကိုယ်စား
¶ မလွမ်းချင်ဘူး အသက်ရယ်
¶ မင်းဆုံးဖြတ်မှ
¶ ယုံမယ်နော် သည်တစ်ခါ မင်း
¶ သစ္စာမြဲ ရစေမေ
¶ သရဝဏ် ကူညီလို့
¶ သည်အရင် ကြေကွဲခဲ့တဲ့အတိတ်
¶ နှင်မယ်ဆို
¶ ဝါဆိုပန်း ပွင့်ဝေ
¶ ပုန်းညက် နွမ်းရက်အလွန်
¶ ကြွေပြီမို့
¶ သိဟ်ရာသီ ဝါခေါင်မိုးနဲ့
¶ လှမ်းလာခဲ့တော့ ခတ္တာရေ
¶ ဝါဆိုပန်း ပွင့်ဝေ
¶ ပုန်းညက် နွမ်းရက်အလွန်
¶ ကြွေပြီမို့
¶ သိဟ်ရာသီ ဝါခေါင်မိုးနဲ့
¶ လှမ်းလာခဲ့တော့ ခတ္တာရေ
¶ သိဟ်ရာသီ ဝါခေါင်မိုးနဲ့
¶ လှမ်းလာခဲ့တော့ ခတ္တာရေ
¶ သိဟ်ရာသီ ဝါခေါင်မိုးနဲ့
¶ လှမ်းလာခဲ့တော့ ခတ္တာရေ
¶ သိဟ်ရာသီ ဝါခေါင်မိုးနဲ့
¶ လှမ်းလာခဲ့တော့ ခတ္တာရေ
မူရင်းသီဆိုသူနဲ့ တီးခတ်သူများကို
ခရက်ဒစ်ပေးပါတယ်။