menu-iconlogo
huatong
huatong
avatar

မိုင်ပေါင်းကုဋေ

ဖြူသီhuatong
ohappydayhuatong
Paroles
Enregistrements
မိုင်ပေါင်းကုဋေ

တေးဆို ဖြူသီ

မောင်ရေ ဘယ်ကိုပဲ ရောက်လို့နေနေ

မေလေ ဘယ်မှာပဲ ရှိလို့နေနေ

ရင်မှာ ကြင်နာတဲ့ အသည်းလေးကိုယ်စီ

ရှိလို့နေတာမေ အသိပေ

တူနှစ်ကိုယ် ပင်လယ်ကြီး ခြားလို့နေနေ

ကန္တာ မြိုင်ခြေတော ဆီးလို့ကာပစေ

ရင်မှာ တူမကွာအမြဲ အချစ်ရှိနေရင်

ဝေးစမ်းပါစေ မိုင်ပေါင်းကုဋေ

မောင်ရေ ကမ္ဘာမြေအဆုံး ပုန်းချင်ပုန်းနေ

ယုံပါ မေသံသယ မရှိပါဘူးလေ

ထာဝစဉ် အသည်းက သိပါတယ်

အိုကွယ် တကယ်လို့များ မေ့မျက်လုံးတွေ

အမှန်ပင် မမြင်ရလည်း ချစ်သူရှိရာ

အလိုလို စိတ်က သိတယ်လေ

မောင်ရေ ဘယ်ကိုပဲ ရောက်လို့နေနေ

မေလေ ဘယ်မှာပဲ ရှိလို့နေပစေ

ရင်မှာ တူမကွာအမြဲ အချစ်ရှိနေရင်

ဝေးစမ်းပါစေ မိုင်ပေါင်းကုဋေ

မောင်ရေ ဘယ်ကိုပဲ ရောက်လို့နေနေ

မေလေ ဘယ်မှာပဲ ရှိလို့နေပစေ

ရင်မှာ ကြင်နာတဲ့ အသည်းလေး ကိုယ်စီ

ရှိလို့နေတာ မေ အသိပေ

တူနှစ်ကိုယ် ပင်လယ်ကြီးခြားလို့နေနေ

ကန္တာ မြိုင်ခြေတော ဆီးလို့ကာပစေ

ရင်မှာ တူမကွာအမြဲ အချစ်ရှိနေရင်

ဝေးစမ်းပါစေ မိုင်ပေါင်းကုဋေ

မောင်ရေ ကမ္ဘာမြေအဆုံး ပုန်းချင်ပုန်းနေ

ယုံပါ မေသံသယ မရှိပါဘူးလေ

ထာဝစဉ် အသည်းက သိပါတယ်

အိုကွယ် တကယ်လို့များ မေ့မျက်လုံးတွေ

အမှန်ပင် မမြင်ရလည်း ချစ်သူရှိရာ

အလိုလို စိတ်က သိတယ်လေ

မောင်ရေ ဘယ်ကိုပဲ ရောက်လို့နေနေ

မေလေ ဘယ်မှာပဲ ရှိလို့နေပစေ

ရင်မှာ တူမကွာအမြဲ အချစ်ရှိနေရင်

ဝေးစမ်းပါစေ မိုင်ပေါင်းကုဋေ

Thanks

Moh Moh Tun

Davantage de ဖြူသီ

Voir toutlogo